အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ဘလော့ဂ်အတွက် Healthy Lifestyle ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးချယ်ထားပါတယ်။ ညီမတို့ နေ့စဉ်ဘဝမှာ ကျန်းမာရေးက အရေးကြီးပါတယ်။ နောက်ပြီး စိတ်ရော၊ ကိုယ်ရော ကျန်းမာနေဖို့ လိုအပ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျန်းမာနေတုန်းမှာတော့ သတိမထားမိပေမယ့် မကျန်းမာတဲ့အခါမှာ သတိထားမိကြမယ် ထင်ပါတယ်။ နေမကောင်းဖြစ်ရင် ဆေးခန်းပြရတယ်။ ဆေးရုံတက်ရတယ်ဆိုရင်လည်း ရောဂါရဲ့ ဝေဒနာကို ခံစားနေရတာအပြင် ပိုက်ဆံလည်း ပိုကုန်ပါတယ်။ နောက်ပြီး အခုအခြေအနေအရ လူတော်တော်များများမှာ စိတ်ဖိစီးမှုတွေ အရင်ကထက် ပိုပြီးများလာကြတယ်။ အဲ့ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကပါ ကျန်းမာရေးနဲ့ မညီညွတ်နိုင်တော့ဘူး။ အလုပ်သဘောအရလည်း အထိုင်များလာကြတယ်။ နောက်ပြီး အလုပ်ရှုပ်တဲ့အတွက် အသင့်စား (Fast Food) တွေ အစားများလာကြတယ်။ အဲ့ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ကိုယ်လုပ်နိုင်တဲ့အရာ (Lifestyle) ကိုတော့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်အောင် ဘယ်လိုအချက်တွေလုပ်ဆောင်ရမယ်ဆိုတာကို ပြောပြပေးသွားပါမယ်။ အားလုံးပဲ စိတ်ပါဝင်စားမယ်ဆိုရင်အောက်ပါ blog မှတဆင့်အသေးစိတ်ဖတ်ရှုနိုင်ပါတယ်ရှင့် https://www.spiceworksmyanmar.com/blog/healthy-lifestyle/ မြန်မာပြည်ကြီး မြန်မြန်အေးချမ်းပါစေ #FridayBlog #spiceworksmyanmar
အားလုံးပဲ မင်္ဂလာပါ။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်(အမေရိကန်စံတော်ချိန်)တွင် Google Search Central သည် ၎င်း၏ search engine algorithm အတွက် Core Update တစ်ခုကို ထုတ်ပြန်လိုက်ကြောင်း ကြေညာခဲ့သည်။ ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် Core Update လုပ်ခဲ့တဲ့အကြောင်းအရာနှင့် နောက်ပိုင်း မည်သို့လုပ်ဆောင်ရမလဲဆိုသည့် အကြောင်းအရာကို အကျဉ်းချုပ်ဖော်ပြပေးပါမည်။ အားလုံးပဲ စိတ်ဝင်စားမယ်ဆိုရင် အောက်ပါ blog မှတစ်ဆင့် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ်မှာတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်နေသော မခင်ပွင့်ဖြူခိုင်၏လျှောက်လှမ်းလာသော Work from home ခရီးရဲ့ အတွေ့အကြုံများကို မျှဝေတင်ဆက်ပေးချင်ပါတယ်ရှင့်။ အားလုံးပဲ စိတ်ဝင်စားမယ်ဆိုရင် အောက်ပါ blog မှတစ်ဆင့် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
အားလုံးပဲ မင်္ဂလာပါ ယခုတစ်ပတ် မျှဝေဖို့ ရွေးချယ်ဖြစ်တဲ့ ခေါင်းစဥ်လေးကတော့ “Using Hyperlink” ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ “Hyperlink” ဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်လဲ ဆိုတာကို ကျွန်မ သိထားသမျှ အနည်းငယ်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Hyperlink ဆိုတာက excel ထဲမှာ ရှိနေတဲ့ File တွေ၊ Sheet တွေကို အလွယ်တကူ ဖွင့်ချင်တဲ့အခါ အသုံးပြုရတာ ဖြစ်ပါတယ်။ File အချင်းချင်းချိတ်ဆက်ပြီး ဖွင့်လို့ရအောင်ပြုလုပ်လို့ ရသလို Excel ထဲမှာ Sheet အချင်းချင်းချိတ်ပြီး ဖွင့်လို့ရအောင် ပြုလုပ်လို့ ရတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အားလုံးပဲ စိတ်ပါဝင်စားမယ်ဆိုရင် အောက်ပါ blog မှတဆင့်အသေးစိတ်ဖတ်ရှု့ကြည့်ပေးပါဦး https://www.spiceworksmyanmar.com/blog/using-hyperlink/ See less
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ကတော့ ဘာသာစကား တစ်ခု သင်ယူတာနဲ့ ပတ်သက်ပြီး ရရှိလာမယ့်အရာတွေကို ပြောပြပေးသွားပါမယ်ခင်ဗျ။ ဘာသာစကား သင်ယူရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရည်ရွယ်ချက် မတူကြပါဘူး။ ဝါသနာပါလို့၊ စိတ်ဝင်စားလို့၊ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့၊ လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ ဘာသာစကား အသစ် တစ်ခုခုကို ရည်ရွယ်ချက် ကိုယ်စီနဲ့ သင်ကြပါတယ်။ အဲ့ဒီ ရည်ရွယ်ချက်တွေကလည်း ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ဘာသာစကား အသစ် တစ်ခု မသင်ခင် မိမိကိုယ်ကို မေးရမည့် အကြောင်းအရာ တချို့ကို ပြောပြပါမယ်။ အားလုံးပဲ စိတ်ပါဝင်စားမယ်ဆိုရင် အောက်ပါ blog မှတဆင့်အသေးစိတ်ဖတ်ရှု့ကြည့်ပေးပါဦး ခင်ဗျ။