Life Style

Personal & Professional

အားလုံးပဲ  မင်္ဂလာပါ။

ကျွန်မကတော့ အိဖြိုးမွန်ပါ။ ဒီတစ်ပတ်မှာ မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ “Personal & Professional” ဆိုတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။ ရေးသားဖြစ်တဲ့ ရည်ရွယ်ချက်အနေနဲ့ကတော့ မိမိကိုယ်ပိုင်ဘဝနှင့် အလုပ်နှင့်ပတ်သက်သော အရာများတွင် ကွဲကွဲပြားပြား သိမြင်နိုင်အောင် မိမိကိုယ်ကို အသိပြန်ပေးရင်း စာဖတ်သူများကိုပါ ပြန်လည်ဝေမျှပေးလိုက်ရခြင်း ဖြစ်ပါတယ်။

ပထမတစ်ချက်အနေဖြင့် “Personal” ဆိုသည်မှာ မိမိ၏ မိသားစုဘဝ၊ စိတ်ဝင်စားမှုများ၊ စိတ်နေသဘောထားများနဲ့ ကျန်းမာရေး အစရှိသဖြင့် ကိုယ်ပိုင်ဘဝအကြောင်းများဖော်ပြခြင်းကို ဆိုလိုပြီး

ဥပမာများအနေဖြင့်

  • မိသားစုနှင့် ဆက်ဆံရေးများ (Family and Relationships):
    မိဘ၊ သူငယ်ချင်း၊ ခင်ပွန်း/ဇနီး၊ ကလေးများနဲ့ သက်ဆိုင်သော ဆက်ဆံရေးများ။

  • ဝါသနာနှင့် စိတ်ဝင်စားမှုများ (Hobbies and Interests):
    စာဖတ်ခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်း၊ ခရီးသွားခြင်း၊ အနုပညာ၊ အားကစားနှင့်ပတ်သက်သော အရာများ။

  • တန်ဖိုးထားသည့်အရာများနှင့် သဘောထား (Values and Personality):
    ရိုးသားမှု၊ ကူညီမှုစိတ်၊ စိတ်ရှည်မှု၊ ကိုယ်ပိုင်ယုံကြည်ချက်များ။

  • ကျန်းမာရေးနှင့် စိတ်ခံစားမှုကောင်းမွန်မှု (Health and Well-being):
    မိမိကိုယ်ကိုနှင့် စိတ်ကျန်းမာရေး၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်းများ။

    အစရှိသည့်အရာများသည် မိမိ၏ ကိုယ်ပိုင်ဘဝနှင့် သက်ဆိုင်တာကြောင့် “Personal” အနေနဲ့ သတ်မှတ်ထားပါတယ်။

နောက်တစ်ခုကတော့ “Professional”  ပါ။ ထိုအရာကတော့ မိမိ၏ အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းနယ်ပယ်နှင့်သက်ဆိုင်သော အလုပ်နေရာတွင် ပြသသောအပြုအမူများကို ဆိုလိုခြင်းဖြစ်ပြီး မိမိသည် ဘယ်သူဖြစ်ပြီး ဘယ်လိုသဘောထား၊ တာဝန်ယူမှုနဲ့ လုပ်ကိုင်နေသလဲဆိုတာကို အဓိကထား သတ်မှတ်ပါတယ်။

 

ဥပမာများအနေဖြင့်

  • အလုပ်အကိုင် (Job/Profession):
    ဆရာ၊ ဆရာမ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ လုပ်ငန်းခွဲမှူး၊ စီးပွားရေးအလုပ်သမား အစရှိသည်များ။

  • ကျွမ်းကျင်မှုနှင့် အရည်အချင်းများ (Skills and Qualifications):
    နည်းပညာကျွမ်းကျင်မှု၊ ဆက်ဆံရေးကျွမ်းကျင်မှု၊ ဘွဲ့လက်မှတ်များ၊ သက်ဆိုင်ရာ သင်တန်းလက်မှတ်များ။

  • အလုပ်အတွေ့အကြုံနှင့် ရည်မှန်းချက်များ (Work Experience and Goals):
    လုပ်ငန်းအတွေ့အကြုံနှင့် ရရှိလိုသော အလုပ်အကိုင်တိုးတက်မှု။

  • အလုပ်နေရာရှိ သဘောထားနှင့် အပြုအမူ (Workplace Attitude and Conduct):
    အချိန်မှီဆောင်ရွက်ခြင်း၊ တာဝန်ယူမှုရှိခြင်း၊ လေးစားမှုရှိပြီး သတ်မှတ်ချက်များကို လိုက်နာခြင်း အစရှိသည့် အကြောင်းအရာများကို “Professional” အနေဖြင့် သတ်မှတ်ပါတယ်။ ထိုတာဝန်ယူမှုများနှင့် ရည်မှန်းချက်များအပြင် မိမိတို့ လုပ်ကိုင်နေသောပတ်ဝန်းကျင်တွင် အခြားသူများနှင့် ဘယ်လိုဆက်ဆံတယ်ဆိုတာကို အဓိကထားသည့်အပြင် Personal နဲ့ Professional  နှစ်ခုလုံးကအရေးကြီးပြီး၊ လက်တွေ့ဘဝထဲမှာလဲ တစ်ခုနှင့် တစ်ခု သက်ရောက်မှုတွေရှိပါတယ်။

ကိုယ်ရေးအမှတ်အသား (Identity) နှင့် အလုပ်အကိုင်အတွင်း ပေါင်းသင်းပြောဆိုမှု။ 

  • မိမိ၏ ကိုယ်ရေးအမှတ်အသားသည် အလုပ်လုပ်ပုံကို သက်ရောက်စေပြီး မိမိတန်ဖိုးထားမှု၊ ယုံကြည်ချက်၊ စရိုက်၊ လက္ခဏာသဘောများသည် အလုပ်တွင် ဆောင်ရွက်ပုံနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။

ဥပမာ – စည်းကမ်းတန်ဖိုးကို နားလည်ထောက်ခံသူတစ်ဦးက အလုပ်မှာလည်း တိကျမှု၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို ပြသလေ့ ရှိပါတယ်။

  • အလုပ်အကိုင်အခန်းကဏ္ဍတွင် မိမိကိုယ်ရေးအမှတ်အသား၏ တစ်စိတ်တစ်ပိုင်းကို ဖွဲ့စည်းပုံဖော်ပေးပြီး
    အလုပ်မှာ မိမိတာဝန်ယူရသော အခန်းကဏ္ဍ (Role) တွင်လည်း မိမိရဲ့ စရိုက်သဘော အချို့ကို ပြောင်းလဲဖွဲ့စည်းပေးလေ့ ရှိပါတယ်။

ဥပမာ – ပေါင်းသင်းဆက်ဆံရေး အားနည်းသည့်သူက ဦးဆောင်သူ (Leader) အဖြစ်တာဝန်ယူလာရတဲ့အခါမှာ နားလည်ပါးနပ်မှုရှိစွာ ပြောဆိုနည်း၊ သည်းခံမှု၊ တာဝန်ယူမှုများ ပိုမိုဖွံ့ဖြိုးလာတတ်ပါတယ်။ ” Professional” ဟုဆိုရာတွင် အရေးပါသော အချက်ဖြစ်သည့် Emotional Intelligence (EI)  ကိုလည်း ထည့်သွင်းစဉ်းစားပေးရပါမယ်။

Emotional Intelligence : EI အတွက် အရေးကြီးသော အရည်အချင်းများ (Key Traits)
1. Self-awareness (ကိုယ့်ကိုယ်ကို သိခြင်း)
မိမိစိတ် ခံစားမှုများကို သိမြင်နိုင်ခြင်း။

မိမိရဲ့အားနည်းချက်/ အားသာချက်များကို သိမြင်နိုင်ခြင်း။

2. Self-regulation (ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း)
စိတ်အတက်အကျ များသောအချိန်အတွင်းမှာတောင် ငြိမ်သက်အောင် ထိန်းသိမ်းနိုင်ခြင်း။

ရူးမိုက်သော အပြုအမူများကို မလုပ်မိစေရန် ထိန်းနိုင်ခြင်း။

3. Motivation
မိမိအလုပ်နှင့် ပတ်သက်ပြီး အနာဂတ်အတွက် ရည်မှန်းချက်ရှိခြင်း။
တိုင်းတာချက်များမလိုပဲ မိမိကိုယ်တိုင် ယှဉ်ပြိုင်အားထုတ်တတ်ခြင်း။

4. Empathy (စာနာမှုရှိခြင်း)
တခြားသူ၏ခံစားမှုကို နားလည်တတ်ခြင်းသည် လူမှုဆက်ဆံရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်ခြင်း။

5. Social Skills (လူမှုဆက်ဆံရေးကျွမ်းကျင်မှု)
လူတွေကို စည်းရုံးတတ်ခြင်း၊ ပြောဆို၊ ဆက်သွယ်တတ်ခြင်း။

အစရှိသည့် ပေါင်းသင်းမှုကောင်းမွန်ခြင်းနှင့် ဦးဆောင်နိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်။ ဥပမာ တစ်စုံတစ်ယောက်သည် Team Leader ဖြစ်ပြီး EI ကောင်းမည်ဆိုပါက မိမိအဖွဲ့ဝင်တစ်ဦးက စိတ်လှုပ်ရှားနေလျှင် နားလည်နိုင်ပြီး တခါတရံ ဖိအားနှင့် ကြုံတွေ့ရသော Meeting ချိန်တွေမှာဆိုရင်လည်း ငြိမ်သက်စွာ ပြောဆိုနိုင်တယ်။ ထို့အပြင် မိမိအဖွဲ့ကိုပါ တက်ကြွစွာ (Motivation + Social skills) ဦးဆောင်နိုင်ပါတယ်။ ထို့အတွက်ကြောင့် ဘဝရပ်တည်မှုနှင့် အလုပ်တွင် အရေးပါသော Emotional Intelligence များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ရေးသားရင်း စာလေးကို ဒီမှာပဲ အဆုံးသတ်ခွင့်ပြုပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

Hello