Design

Essential Photoshop Tools

Photoshop မှာ မဖြစ်မနေ သိထားသင့်တဲ့ tools တွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ညီမကတော့ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေးပါ။ Photoshop ကို စပြီးအသုံးပြုမယ်ဆိုရင် သူ့မှာရှိတဲ့ tools တွေရဲ့ အသုံးပြုပုံကို အရင်သိထားဖို့ လိုအပ်ပါတယ်။

What is Adobe Photoshop?
Photoshop ဆိုတာက edit software တစ်ခုဖြစ်ပြီး photo edit, web design, graphic design အစရှိသဖြင့် design အတွက် လူသုံးအများဆုံး ဆော့ဖ်ဝဲလ် တစ်ခုဖြစ်ပါတယ်။

Why Learn Photoshop Tools?
Photoshop မှာ tools တွေက အဓိကကျပြီး tools တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။ Tools တွေကိုသာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းတွေကို ရရှိစေပါတယ်။

Tools တစ်ခုချင်းစီရဲ့ အသုံးပြုပုံကို ပုံနှင့်တကွ ဆက်လက်ပြီး ပြောပြပေးသွားပါမယ်။
1. Move Tool (V)
Layer, selection တွေရဲ့ position တွေကို ရွှေ့ချင်တဲ့အခါမှာ move tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ V ပါ။ တစ်ခြား alignment, distribution အစရှိသဖြင့် settings တွေကို စိတ်ကြိုက် customize လုပ်လို့ရပါတယ်။

Move Tool

2. Marquee Tools (M)
Rectangular Marquee Tool (M)
စတုဂံပုံသဏ္ဍာန်ကို selection လုပ်ချင်တဲ့အခါမှာ rectangular marquee tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ M ပါ။ စတုဂံပုံသဏ္ဍာန် selection ထပ်ထည့်တာ၊ ဖျက်တာ စသဖြင့် လုပ်နိုင်ပါတယ်။
Rectangular: ကိုယ် select လုပ်ချင်တဲ့ layer ကို drag ဆွဲလိုက်လို့ရပါတယ်။
Square: shift key နဲ့တွဲပြီး drag ဆွဲပေးရပါတယ်။
Draw the center out: alt key နဲ့တွဲပြီး drag ဆွဲပေးရပါတယ်။

Rectangular Marquee Tool

Elliptical Marquee Tool (M)
ဘဲဥပုံသဏ္ဍာန်၊ စက်ဝိုင်းပုံသဏ္ဍာန်တွေကို selection လုပ်ချင်တဲ့အခါမှာ elliptical marquee tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ M ပါ။ ဘဲဥပုံသဏ္ဍာန်၊ စက်ဝိုင်းပုံသဏ္ဍာန် selection ထပ်ထည့်တာ၊ ဖျက်တာ စသဖြင့် လုပ်နိုင်ပါတယ်။
Oval: ကိုယ် select လုပ်ချင်တဲ့ layer ကို drag ဆွဲလိုက်လို့ရပါတယ်။
Circle: shift key နဲ့တွဲပြီး drag ဆွဲပေးရပါတယ်။
Draw the center out: alt key နဲ့တွဲပြီး drag ဆွဲပေးရပါတယ်။

Elliptical Marquee Tool

3. Lasso Tool (L)
စတုဂံ၊ ဘဲဥ၊ စက်ဝိုင်းပုံသဏ္ဍာန်တွေနဲ့မတူဘဲ ပုံစံအတိကျမရှိတဲ့ shapes တွေကို selection လုပ်ချင်တဲ့အခါမှာ lasso tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ L ပါ။ Selection ထပ်ထည့်တာ၊ ဖျက်တာ၊ mask အုပ်တာ စသဖြင့် လုပ်နိုင်ပါတယ်။ ကိုယ် select လုပ်ချင်တဲ့အပိုင်းကို drag ဆွဲလိုက်လို့ရပါတယ်။

Lasso Tool

4. Quick Selection Tool (W)
အသေးစိတ်ကျပြီး ကျန်‌နေတဲ့ အစွန်းတွေအထိပါ selection လုပ်ချင်တဲ့အခါမှာ quick selection tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ W ပါ။ Selection ထပ်ထည့်တာ၊ ဖျက်တာ စသဖြင့် လုပ်နိုင်ပါတယ်။ ကိုယ် select လုပ်ချင်တဲ့အပိုင်းကို click ပြီး drag ဆွဲလိုက်လို့ရပါတယ်။ Drag ဆွဲလိုက်တဲ့အခါမှာ အလိုအလျောက် အရောင်တူပြီး ကျန်နေတဲ့ အစွန်းတွေကို ရှာပြီး select လုပ်ပေးသွားပါတယ်။

Quick Selection Tool

Magic Wand Tool (W)
Color ပေါ်မူတည်ပြီး မြန်မြန် selection လုပ်ချင်တဲ့အခါမှာ magic wand tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ W ပါ။ Selection ထပ်ထည့်တာ၊ ဖျက်တာ စသဖြင့် လုပ်နိုင်ပါတယ်။ Color ကို click လိုက်ရင် အလိုအလျောက် အရောင်တူတာတွေကို select လုပ်ပေးသွားတယ်။ များသောအားဖြင့် background တွေကို selection လုပ်ချင်တဲ့အခါမှာ အသုံးပြုပါတယ်။

Magic Wand Tool

5. Crop Tool (C)
ပုံတွေကို trim, expand လုပ်ချင်တဲ့အခါမှာ crop tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ C ပါ။ ကိုယ်လိုချင်တဲ့ အရွယ်အစား၊ width, height အတိုင်းရအောင် ဖြတ်လို့ရပါတယ်။ ကိုယ်လိုချင်တဲ့အပိုင်းကို select လုပ်ပြီး ထောင့်ကို drag ဆွဲပြီး ချုံ့တာ၊ ချဲ့တာလည်း လုပ်နိုင်ပါတယ်။

Crop Tool

6. Brush Tool (B)
Brush strokes တွေ ဆွဲတဲ့အခါမှာ brush tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ B ပါ။ ကိုယ်လိုချင်တဲ့ brush ကိုရဖို့ select လုပ်ပြီး drag ဆွဲလိုက်လို့ရပါတယ်။ နောက်ပြီး brush picker ထဲမှာ size, hardness အစရှိသဖြင့် settings တွေကို စိတ်ကြိုက် customize လုပ်လို့ရပါတယ်။

Brush Tool

7. Eraser Tool (E)
ပုံရဲ့အစိတ်အပိုင်းတွေကို ဖျက်ချင်တဲ့အခါမှာ eraser tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ E ပါ။ Background color ပြောင်းတာ၊ transparent လုပ်ချင်တဲ့အခါမှာလည်း အသုံးပြုပါတယ်။ Size, hardness ကိုညှိပြီး ကိုယ်မလိုချင်တဲ့အပိုင်းတွေကို drag ဆွဲပြီး ဖျက်နိုင်ပါတယ်။

Eraser Tool

8. Gradient Tool (G)
အရောင်တွေကို smooth ဖြစ်အောင် ပေါင်းစပ်ချင်တဲ့အခါမှာ gradient tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ G ပါ။ Gradient fill လုပ်ချင်တဲ့အပိုင်းကို selection လုပ်ပြီး drag ဆွဲလိုက်လို့ရပါတယ်။ Gradient type, opacity အစရှိသဖြင့် settings တွေကို စိတ်ကြိုက် customize လုပ်လို့ရပါတယ်။

Gradient Tool

9. Text Tool (T)
Horizontal Type Tool & Vertical Type Tool (T)
Horizontal, vertical စာထည့်ချင်တဲ့အခါမှာ text tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ T ပါ။ Font, size, color အစရှိသဖြင့် settings တွေကို စိတ်ကြိုက် customize လုပ်လို့ရပါတယ်။
Point text (heading): ကိုယ်ထည့်ချင်တဲ့နေရာကို click လုပ်ပြီး ထည့်နိုင်ပါတယ်။
Paragraph text: ကိုယ်ထည့်ချင်တဲ့နေရာကို cursor ချ drag ဆွဲပြီး ထည့်နိုင်ပါတယ်။

Horizontal Type Tool

10. Zoom Tool (Z)
ပုံကို zoom ချဲ့တာ၊ ချုံ့တာ လုပ်ချင်တဲ့အခါမှာ zoom tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ Z ပါ။ Option bar မှာ Zoom in ကို ရွေးပြီး ချဲ့ကြည့်နိုင်သလို Zoom out ကို ရွေးပြီး ချုံ့ကြည့်နိုင်ပါတယ်။ Ctrl key + / _ တွဲပြီးလည်း ကြည့်နိုင်ပါတယ်။

Zoom Tool

11. Hand Tool (H)
Zoom in လုပ်ထားပြီး မတူညီတဲ့နေရာတွေကို ရွှေ့ ကြည့်ချင်တဲ့အခါမှာ hand tool ကို အသုံးပြုပါတယ်။ Shortcut key ကတော့ H ပါ။ Spacebar key ဖိပြီး drag ဆွဲပြီးလည်း ရွှေ့ကြည့်နိုင်ပါတယ်။

Hand Tool

Photoshop မှာပါတဲ့ tools တစ်ခုချင်းစီရဲ့ အသုံးပြုပုံကို ပြောပြပေးသွားတာဖြစ်ပါတယ်။ ပုံနှင့်ယှဉ်ကြည့်မယ်ဆိုရင် နားလည်လွယ်မယ်လို့ ထင်ပါတယ်။

ဘလော့ဂ်လေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Reference
Adobe Photoshop

Hello