မင်္ဂလာပါ။ ဒီနေ့မှာတော့ React Installation & Setup အကြောင်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ညီမကတော့ Spiceworks Myanmar မှာ Junior Web Developer အနေနဲ့တာဝန်ယူလုပ်ကိုင်နေတဲ့ ခိုင်သဥ္ဇာသွယ်ဖြစ်ပါတယ်။
React ဆိုတာကတော့ User Interface (UI) တွေကို Dynamic ဖြစ်ဖြစ်၊ Interactive ဖြစ်ဖြစ် ဖန်တီးနိုင်တဲ့ JavaScript Library တစ်ခုပဲဖြစ်ပါတယ်။
how to create react app ???
အရင်တုန်းကတော့ Create React App (CRA) ကို သုံးကြပေမယ့် အခုချိန်မှာတော့ သူက officially deprecated ဖြစ်သွားပြီမို့လို့ သုံးဖို့ အကြံမပြုတော့ပါဘူး ။ အဲ့ဒီအစား Vite နဲ့ project create လုပ်တဲ့နည်းလမ်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။
Step 1: Node.js ကို Install လုပ်ပါမယ်။
React ကို အသုံးမပြုခင် ကိုယ့်စက်ထဲမှာ Node.js ရှိနေဖို့ လိုအပ်ပါတယ်။ အရင်ဆုံး ကိုယ့်စက်ထဲမှာ Node ရှိမရှိ သိရအောင် Terminal မှာ node -v ဆိုပြီး ရိုက်စစ်ကြည့်လို့ရပါတယ်။
တကယ်လို့ မရှိသေးဘူးဆိုရင် https://nodejs.org/en/download မှာ download လုပ်နိုင်ပါတယ်။
Step 2: Vite နဲ့ React Project create လုပ်ပါမယ်။
အောက်က command လေးကို terminal မှာ run လိုက်ရုံပါပဲ ။
- npm create vite@latest
အဲ့ဒီနောက်မှာတော့ ပုံမှာပြထားတဲ့အတိုင်း Project name ပေးတာ၊ React ကို ရွေးချယ်တာနဲ့ JavaScript/TypeScript ရွေးချယ်တာတွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်သွားလို့ရပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။
Stayed tuned for ep-2
