Work Style

6 Months Working Experience

အားလုံးပဲ မင်္ဂလာပါ။ ညီမကတော့ Spiceworks Myanmar မှာ Junior Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ခိုင်သဉ္ဇာသွယ် ဖြစ်ပါတယ်။  ဒီနေ့မှာတော့ ညီမ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်ခဲ့တာ (၆) လ ပြည့်သွားပြီဖြစ်တဲ့အတွက် (6) Months Working Experience လေးကို sharing လုပ်ပေးသွားချင်ပါတယ်။

 

ကျေးဇူးတင်လွှာ

ပထမဦးစွာ Spiceworks Myanmar ရဲ့ CEO Mr. Seiji Sekine ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ Spiceworks Myanmar ရဲ့ COO အကို မြတ်မင်းဆွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး Spiceworks Myanmar ရဲ့ HR Team, Design Team နဲ့ System Team members တွေအကုန်လုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။

 

How Spiceworks Myanmar Means to Me

Spiceworks Myanmar က ညီမအတွက်တော့ ကျေးဇူးရှင်ပါပဲ။ Career အတွက် ပထမဆုံးခြေလှမ်းလည်း ဟုတ်သလို မပြည့်စုံသေးတဲ့၊ လိုအပ်နေသေးတဲ့သူကို အခွင့်အရေးပေးခဲ့လို့ ကျေးဇူးတင်ရတဲ့နေရာဆိုလည်း ဟုတ်ပါတယ်။

သေချာဂရုတစိုက်နဲ့ သင်ကြားပြသပေးတဲ့ စီနီယာအကို၊ အစ်မတွေ တစ်ယောက်ချင်းစီတိုင်းကို‌လည်း ကျေးဇူးတင်ပါတယ်။

 

Skills I Developed

Spiceworks Myanmar မှာအလုပ်လုပ်ပြီးနောက်ပိုင်း HTML, CSS, JS နဲ့ပတ်သက်ပြီး အရင်ကထက် ပိုမိုနားလည်လာခဲ့ပါတယ်။ Design tools တွေဖြစ်တဲ့ Adobe XD, Photoshop, Illustrator (AI) နဲ့ Figma တွေနဲ့လည်း အကျွမ်းတဝင်ရှိလာခဲ့ပါတယ်။ WordPress project, Laravel project, Drupal project တွေမှာလည်း ပါဝင်ရေးသားရတဲ့ အတွက် ပိုပြီးရင်းနှီးလာခဲ့ပါတယ်။ Coding flow နဲ့ပတ်သက်ပြီး အစပိုင်းမှာ challenge ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့အသားကျလာခဲ့ပါတယ်။ စီနီယာတွေ နဲ့အတူ အလုပ်တွဲလုပ်ရတာကြောင့် အများကြီး သင်ယူနိုင်ခဲ့ပြီး teamwork ပိုင်းမှာလည်း ပိုမိုကောင်းမွန်လာပါတယ်။ အဲ့အပြင် work from home ဖြစ်တဲ့အတွက် self management ပိုင်းမှာပါ တိုးတက်လာခဲ့တယ်လို့မြင်မိပါတယ်။

 

Skills I Need to Develop

ညီမအနေနဲ့ ခုနက learn လုပ်ခဲ့ရတဲ့အရာတွေ၊ develop ဖြစ်သွားတဲ့အရာတွေကိုပဲ ဆက်ပြီး develop ဖြစ်ဖို့ လိုအပ်‌ပါသေးတယ်။ (1) ကနေ (10) ထိ develop ဖြစ်သွားခဲ့ပြီး (10) ကနေ (20) ထိ develop ဆက်ဖြစ်ဖို့ လိုအပ်နေပါသေးတယ်လို့ ဆိုလိုတာပါ။

ဥပမာ JavaScript နဲ့ animation ပိုင်းမှာဆိုရင် တော်တော်လေး လိုအပ်နေပါသေးတယ်။

အဓိက ညီမရဲ့အားအနည်းဆုံးအပိုင်းက check လုပ်တဲ့အပိုင်းပါ။ အဲ့အပိုင်းကိုလည်း တိုးတက်အောင် ကြိုးစားသွားပါ့မယ်။

 

Activities I love

Spiceworks Myanmar မှာပြုလုပ်ရတဲ့ activities တွေ၊ ညီမလည်းကြိုက်နှစ်သက်ပြီး ပါဝင်လုပ်ဆောင်ရတဲ့ activities တွေနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။

Thank You

မြန်မာလူမျိုးတွေက ပုံမှန်အားဖြင့် ကျေးဇူးတင်တဲ့စကားပြောတဲ့ အလေ့အကျင့် တော်တော်နည်းတယ်လို့ထင်ပါတယ်။ ညီမကိုယ်တိုင်လည်း Spiceworks Myanmar မှာ အလုပ်လုပ်ပြီးမှ ကျေးဇူးတင်စကားပြောတဲ့အလေ့အကျင့်က အရင်ထက်ပိုများလာခဲ့ပါတယ်။

Positive Thinking

ကိုယ့်ရဲ့အတွေးအမြင်တွေကိုလည်းပြောပြလို့ရပြီး member တွေရဲ့အတွေ့အကြုံနဲ့ အတွေးတွေ၊ အမြင်တွေကိုနားထောင်ရတာမလို့ ညီမအရမ်းကြိုက်တဲ့အစီအစဉ်ပါ။

Presentation 

အပတ်စဉ်တနင်္လာနေ့တိုင်း member တွေအလှည့်ကျ presentation လုပ်ရတာမလို့ ဗဟုသုတအများကြီးတိုးစေပြီး၊ ကိုယ်ကိုယ်တိုင်ကလည်းပြန် sharing လုပ်ပေးရတာမလို့ လူအများရှေ့မှာ presentation လုပ်နိုင်တဲ့ အရည်အချင်းတွေပါ တိုးတက်လာစေပါတယ်။

Japanese Sharing 

ညီမကိုယ်တိုင် education member တစ်ယောက်အနေနဲ့ ပါဝင်လုပ်ကိုင်နေပါတယ်။ Japan စာ sharing လုပ်ပေးနေတာမလို့ japan စာနဲ့ပတ်သက်ပြီး လေ့လာဖြစ်၊ရှာဖွေဖြစ်တာမလို့ အတော်လေးသဘောကျမိပါတယ်။ marketing member, HR member ‌အဖြစ်နဲ့ ပါဝင်လုပ်ကိုင်ဖူးချင်းမရှိသေးပေမယ့် internal group ထဲမှာ members တွေအလှည့်ကျ ပါဝင်လုပ်ဆောင်စေခြင်းကလည်း လုပ်ငန်းပိုင်ဆိုင်ရာစွမ်းရည်တိုးတက်စေတယ်လို့ထင်ပါတယ်။

Charity

(၃) လတစ်ကြိမ် လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးတဲ့အစီအစဉ်ဖြစ်တာမလို့ အတော်လေးကောင်းမွန်တဲ့အစီအစဉ်လို့ထင်မိပါတယ်။

တခြား monthly party, member birthday, general assembly လိုအစီအစဥ်တွေလည်းရှိပြီး stress လျော့စေတဲ့အပြင် member အချင်းချင်းရင်းနှီးခွင့်ရတာမလို့ ညီမ‌အနေနဲ့ သဘောကျမိပါတယ်။

 

Conclusion

နိဂုံးချုပ်အနေနဲ့ဆိုရရင် ညီမကို Spiceworks Myanmar ရဲ့ member တစ်ယောက်အနေနဲ့ အလုပ်လုပ်ခွင့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ နွေးထွေးစွာကြိုဆိုပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။  အခုလို အဆိပ်အတောက်ကင်းတဲ့ work environment မှာအလုပ်လုပ်ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ထင်မိပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *