အားလုံးပဲ မင်္ဂလာပါ။
ကျွန်မကတော့ အိဖြိုးမွန် ပါ။ ယခုတစ်ပတ် မျှဝေဖို့ ရွေးချယ်ဖြစ်တဲ့ ခေါင်းစဉ်ကတော့ ” How to Register or Apply for MMQR ? ” ဆိုတဲ့ MMQR နဲ့ပတ်သက်ပြီး Merchant အနေဖြင့် အသုံးပြုရာတွင် လိုအပ်သော အကြောင်းအရာများကို မျှဝေပေးမှာပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းတွင် စတိုးလ်ဆိုင်များနှင့် ကုမ္ပဏီတော်တော်များများတွင် မရှိမဖြစ် အသုံးပြုလာကြသော MMQR အကြောင်းကို အနည်းငယ်ရှင်းပြပေးပါမယ်။
MMQR ဆိုတာ ဘာလဲ။
MMQR ကို “Myanmar Quick Response” လို့ ခေါ်ပြီး ဗဟိုဘဏ် (Central Bank of Myanmar) က ထောက်ခံပြီး နိုင်ငံတော် စံညွှန်းနှင့်အညီ သတ်မှတ်ထားတဲ့ QR ငွေပေးချေမှု စနစ်တစ်ခုဖြစ်ပါတယ်။ ဘဏ်၊ မိုဘိုင်း wallet မျိုးစုံနဲ့ ချိတ်ဆက်နိုင်ပြီး QR code တစ်ခုထဲရှိရုံနဲ့ ငွေလွှဲပြောင်းယူနိုင်တာက အားသာချက်ဖြစ်ပါတယ်။
MMQR ကို ဘယ်အဖွဲ့အစည်းက ဦးဆောင်၊ ကြီးကြပ်ပြီး ဆောင်ရွက်နေလဲ။
MMQR ကို မြန်မာနိုင်ငံရဲ့ National Standard အဖြစ်သတ်မှတ်ထားတဲ့ QR Code ဖြင့် ငွေပေးချေမှုကို ထောက်ပံ့ပေးနိုင်သော Digital Payment Switch ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ Digital Payment Switch အဖြစ် လုပ်ဆောင်လျက်ရှိတာကြောင့် ဗဟိုဘဏ်မှ ဦးဆောင်ကာ System Operator အဖြစ် Payplus Co., Ltd. က ဆောင်ရွက်ပေးလျက် ရှိပါတယ်။
MMQR ကို Merchant အနေဖြင့် လျှောက်ရန် လိုအပ်သောအချက်အလက်များ။
ဘဏ်များအားလုံးတွင် Merchant အဖြစ် Register လုပ်ရန်အတွက် အောက်ပါ စာရွက်စာတမ်းများ မဖြစ်မနေ တင်ပြရန်လိုအပ်ပါတယ်။
(1) NRC
(2) Phone Number
(3) Business Name
(4) Business Address
(5) Passport Photo / Selfie
(6) Bank Account Opening
MMQR ကို Merchant အနေဖြင့် ချိတ်ဆက်ပြီး ငွေကို ဘယ်လို လက်ခံမလဲ။
ပထမဆုံးအနေဖြင့် မိမိတို့ လျှောက်ထားမည့် ဘဏ်ကို ရွေးချယ်ရပါမည်။ MMQR ဖြင့် လက်ခံရန် မိမိရွေးချယ်ထားသော ဘဏ်သို့ သွား၍ MMQR (Merchant) အတွက်လိုအပ်သော လျှောက်လွှာများကို ဖြည့်ရပါမည်။ ဘဏ်သို့သွားရန် အခက်အခဲ ရှိပါက နောက်ထပ်နည်းလမ်းအနေဖြင့် သက်ဆိုင်ရာဘဏ်များ၏ Website, Pay App, QR Scan မှတဆင့် နည်းလမ်းများဖြင့်လည်း ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။ အချိန်နှစ်ပတ်ဝန်းကျင်ခန့် စောင့်ဆိုင်းပြီးပါက MMQR ဖြင့် ငွေလက်ခံနိုင်ရန် လိုအပ်သော အောက်ပါပုံရှိ MMQR QR Code ရပါမည်။
ထို့အပြင် မိမိတို့လုပ်ငန်းများမှ လက်ခံရရှိလာသော ငွေအဝင်များကို စစ်ဆေးနိုင်ရန် Mobile App ထဲတွင် အောက်ပါ Wave Merchant App ကို ဒေါင်းလုတ် လုပ်ပြီးပါက ဘဏ်မှပေးပို့လာသော Merchant ID အတွက် Username, Password များဖြင့် Login ဝင်ပြီးပါက
ငွေအဝင်အထွက်များကို Transaction App (Merchant App) မှတဆင့် ဝင်၍ စစ်ဆေးကြည့်လို့ရပါတယ်။ App အသုံးပြုခြင်းဆိုင်ရာနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက ဘဏ်ရှိသက်ဆိုင်ရာ ဌာနများမှတဆင့် အသုံးပြုပုံများကို လာရောက်ရှင်းပြပေးပါလိမ့်မည်။
MMQR စနစ်တွင် အောက်ပါ ဘဏ်များဖြင့် ချိတ်ဆက်ထားပါတယ်။
(1) AYA Pay
(2) KBZ Pay
(3) Wave Money
(4) OK$
(5) CB Pay
(6) uabpay
(7) A+ Wallet
(8) CTZ Pay
(9) Yoma
(10) Trusty
(11) Zego
(12) Mpitesan
Service Charge အနေဖြင့် ဘဏ်ပေါ်မူတည်ပြီး MMQR Merchant Fee ကမတူနိုင်ပေမယ့် အကြမ်းဖျင်းအားဖြင့် (၀.၅ %) မှ (၂ %) ဝန်းကျင်ရှိပြီး အချို့ဘဏ်များကတော့ Zero Service Fee Period များဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်ဆုံးအနေဖြင့် MMQR အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကတော့ MMQR စနစ်ကို ဗဟိုဘဏ်က ထောက်ပံ့ပေးထားတာကြောင့် လုံခြုံ စိတ်ချမှုရှိပြီး ဒီဂျစ်တယ်လ် ငွေပေးချေမှုမျိုးစုံကို MMQR ဖြင့် ချိတ်ဆက်ထားသည့်အတွက် မည်သည့် Banking, Pay များဖြင့် အသုံးပြုသူမှန်သမျှ အလွယ်တကူ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းတွင် ဆိုင်တော်တော်များများနှင့် ငွေလက်ခံရမည့်လုပ်ငန်းတော်တော်များများတွင် အသုံးပြုလာကြပါပြီ။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ မိမိတို့ သိချင်သောအကြောင်းအရာများနှင့် မေးခွန်းများကို Comment box တွင်ချန်ထားခဲ့နိုင်ပြီး ပြန်လည်ဖြေထားပေးပါ့မယ်။ အေးချမ်းသာယာသောနေ့ရက်လေး ဖြစ်ကြပါစေ။
