အားလုံးပဲ မင်္ဂလာပါ။
ကျွန်မကတော့ အိဖြိုးမွန် ပါ။ ယခုတစ်ပတ် မျှဝေဖို့ ရွေးချယ်ဖြစ်တဲ့ ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံမှာ online sale ရောင်းကြတဲ့အခါ ပြုလုပ်ထားသင့်တဲ့ Online Sales Registration Process in Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး အရေးပါတဲ့ အချက်အလက် အနည်းငယ်ကို မျှဝေပေးမှာပဲ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ Online Registration လုပ်မည်ဆိုပါက https://www.ecomreg.gov.mm/ ယခုလင့်ခ်ကနေပြီး Register လုပ်ရပါမည်။
Online Sales Registration ဆိုတာဘာလဲ။
- Online စနစ်အသုံးပြုပြီး ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှု ရောင်းချသည့်လုပ်ငန်းများအတွက် မှတ်ပုံတင်ခြင်း။
- Ministry of Commerce ၏ Department of Trade က Online Sales Registration Certificate ထုတ်ပေးလျက်ရှိပြီး အဓိကရည်ရွယ်ချက်အားဖြင့်
- Online business များကို စနစ်တကျ စီမံနိုင်ရန်။
- Consumer protection ကို မြှင့်တင်ရန်။
- Online business များ၏ ယုံကြည်စိတ်ချနိုင်မှု တိုးမြှင့်နိုင်ရန် ဆိုတဲ့အချက်တွေကြောင့် အကောင်အထည်ဖော်ထားတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။
ဘယ်သူတွေ Register လုပ်ဖို့ လိုအပ်လဲ။
မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ဦးတည်၍ Online မှတဆင့် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှု ရောင်းချသူများအတွက် မှတ်ပုံတင်ခြင်းဖြစ်တာကြောင့်
- Website မှတဆင့် ရောင်းချခြင်း။
- Facebook နှင့် အခြား Social Media များမှ ရောင်းချခြင်း။
- Mobile Application မှတဆင့် ရောင်းချခြင်း။
- Online platform များမှတဆင့် ကုန်ပစ္စည်း/ ဝန်ဆောင်မှု ရောင်းချခြင်း။ ပြုလုပ်နေတဲ့ Online Sales အားလုံးကို ဆိုလိုပါတယ်။
လျှောက်ထားနိုင်တဲ့ အမျိုးအစားကတော့ အောက်ပါ နှစ်မျိုးရှိပါတယ်။
- Company / Business Organization
- Individual Business Owner
အခြေခံသတ်မှတ်ထားတဲ့ အချက်အလက်တွေကတော့
Company / Business Organization
- သက်ဆိုင်ရာဥပဒေအရ ဖွဲ့စည်းထားသော Company (သို့မဟုတ်) Business Organization ဖြစ်ရမည်။
- ကိုယ်ပိုင် Official Website ရှိရမည်။ (Company registration, SME)
- Online Sales Business နေရာ/ Platform ကို ဖော်ပြနိုင်ရမည်။
Individual
- မြန်မာနိုင်ငံအတွင်း နေထိုင်သူဖြစ်ရမည်။
- အသက် (၁၈) နှစ်နှင့်အထက် ဖြစ်ရမည်။
- ရပ်ကွက်၊ ရဲစခန်းထောက်ခံချက်များ
- Online Sales Business နေရာ/ Platform ကို ဖော်ပြနိုင်ရမည်။ (facebook url link attached)
လိုအပ်တဲ့စာရွက်စာတမ်းများ ပြင်ဆင်ချက်အနေနဲ့ကတော့
စီးပွားရေးဆိုင်ရာ အချက်အလက်များ
(၁) လုပ်ငန်းအမည်
(၂) လုပ်ငန်း၏ လိုဂို
(၃) လုပ်ငန်းလိပ်စာ အပြည့်အစုံ
(၄) အွန်လိုင်း လုပ်ငန်းအမျိုးအစား
(၅) အွန်လိုင်းလုပ်ငန်းကဏ္ဍ
(၆) ထုတ်ကုန်/ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များ
(၇) အီလက်ထရောနစ် ကုန်သွယ်မှုပုံစံ (e-Commerce Model)
စီးပွားရေးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ
(၁) ကုမ္ပဏီမှတ်ပုံတင်ခြင်း / ကုမ္ပဏီတည်ထောင်ကြောင်း အထောက်အထား လက်မှတ်
(၂) EIR / ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ
(၃) အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ
(၄) လုပ်ငန်းလိပ်စာ အထောက်အထားစာရွက်စာတမ်း
(၅) အခြားလိုအပ်သော အထောက်အထား စာရွက်စာတမ်းများ
သတ်မှတ်ထားသောလုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း ပြုလုပ်ပြီးပါက ဆက်သွယ်ရန်အချက်အလက်များကိုလည်း ပြည့်စုံစွာ ဖြည့်သွင်းပေးရပါမည်။
နောက်ဆုံးအနေဖြင့် လျှောက်ထားမှု ပြီးစီးပါက အချိန်အားဖြင့် (၆) လဝန်းကျင်ခန့် စောင့်ဆိုင်းရပြီး Online Sales Registration Certificate ရရှိလာပါက ထိုမှတ်ပုံတင်လက်မှတ်၏ သက်တမ်းမှာ (၂) နှစ် ဖြစ်ပါတယ်။ သက်တမ်းမကုန်မီ ရက် (၆၀) အတွင်း အသစ်ပြန်လည် လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားရာတွင် လုပ်ငန်းအချက်အလက်များ မှန်ကန်ကြောင်း ပြန်လည်တင်ပြရပါမယ်။ Online Fee ပေးသွင်းပြီးပါက Department ဘက်မှ Review ပြုလုပ်ပါတယ်။ Approval ရရှိပါက သက်တမ်းတိုးကြေး ပေးသွင်းပြီး နောက်ထပ် (၂) နှစ် သက်တမ်း ရရှိနိုင်ပါတယ်။ အသေးစိတ်နှင့် ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို https://www.ecomreg.gov.mm/ ဒီလင့်ခ်တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
