Life Style

Life Changes for Me

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar မှာ Administrative Assistant အနေနဲ့ တာဝန်ယူလုပ်ကိုင်နေတဲ့ မလဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ Life Changes for Me ဆိုတဲ့ ခေါင်းစဥ်ဖြင့် ကျွန်မရဲ့ Life changes လုပ်ဖြစ်တဲ့ အကြောင်းလေး မျှဝေပေးချင်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ကျွန်မ Spiceworks Myanmar သို့ စတင်ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လုပ်ငန်းခွင်ဝင်ခြင်း ၅ နှစ်ပြည့် အမှတ်တရအနေနဲ့ အလုပ်အတွက်နဲ့ မိမိကိုယ်ကိုယ် Self reflection လုပ်ဖြစ်ခဲ့ရင်း Renew & redo လေး ပြန်လုပ်ဖြစ်တဲ့အကြောင်းကို ပေါ့ပေါ့ပါးပါးလေး မျှဝေပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့က ကျွန်မလုပ်ငန်းခွင်အကြောင်း အနည်းငယ် မျှဝေပေးချင်ပါတယ်။ လုပ်ငန်းခွင်မှာ လူတော်လူကောင်းတစ်ယောက်ဖြစ်လာအောင် မွေးမြူပေးတဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်ပြီး ချစ်စရာကောင်းတဲ့၊ အတုယူစရာတွေ အလေ့အကျင့်ကောင်းတွေ များစွာနဲ့ ပြည့်နှက်နေတဲ့ လုပ်ငန်းခွင်လေးတစ်ခုပါ။ ကျွန်မလုပ်ငန်းခွင်မှာ ကျွန်မသဘောကျရတဲ့ အလေ့အကျင့်ကောင်းတစ်ချို့ကို မျှဝေပေးရမယ်ဆိုရင် လုပ်ငန်းခွင်မှာက အထက်လူကြီးကစလို့ Junior position အထိ အားလုံးတန်းတူညီမျှဆက်ဆံကြခြင်း၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဘက်အချင်းချင်း နွေး‌ထွေးစည်းလုံးကြခြင်း၊ မနာလိုစိတ်တွေမရှိကြဘဲ အချင်းချင်းဖေးမကူညီကြခြင်း နှင့် ပျော်ရွှင်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ထားခြင်းတို့ပဲဖြစ်ပါတယ်။ (ကျွန်မလုပ်ခဲ့ဖူးသော လုပ်ငန်းခွင်တစ်ခုမှာ ကြုံဖူးတဲ့အရာလေးပါ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မနာလိုခြင်း၊ စကားနာထိုးခြင်းတို့ကြောင့် အမြဲ HR ကဖြေရှင်းပေးရတဲ့ လုပ်ငန်းခွင်မျိုး ကြုံခဲ့ဖူးတယ်)။ သို့ပေမယ့် ယခုလုပ်ငန်းခွင်က ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ထားတဲ့အတွက်ကြောင့် အလုပ်လုပ်ကိုင်ခဲ့တဲ့ (၅) နှစ်တာမှာ စိတ်ချမ်းသာပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မိမိအတွက်တော့ အရင်ထက် အလေ့အကျင့်ကောင်း၊ အပြုအမူကောင်း၊ မှန်ကန်သော အတွေးအခေါ်၊ မျှတသော စိတ်နေသဘောထားတွေနဲ့ နေထိုင်တတ်အောင် သွန်သင်လမ်းပြပေးမှုတွေထဲက တစ်ခုကတော့ ကျွန်မရဲ့ လုပ်ငန်းခွင်ပင်ဖြစ်ပါတယ်။ ကျွန်မတို့ လုပ်ငန်းခွင်သည် လူတော်လူကောင်းတစ်ယောက်ဖြစ်လာအောင် မွေးထုတ်ပေးတဲ့ လုပ်ငန်းခွင်ဆိုရင်လည်း မမှားပါဘူး။ ကျွန်မ လူတော်လူကောင်းတစ်ယောက်မဖြစ်သေးပေမယ့် မှန်ကန်သော အပြုအမူ၊ ရင့်ကျက်သော အတွေးအခေါ်၊ မျှတသော နေထိုင်မှုတွေနဲ့ ရပ်တည်ရှင်သန်တတ်အောင် လမ်းပြသွန်သင်ပေးခဲ့ပါတယ်။

တခါတလေမှာ မိတ်ကပ်မပါဘဲ နေထိုင်တာကြာလာရင် မိမိကိုယ်ကိုယ် ငြီးငွေ့လာတတ်ကြသလို လန်းဆန်းမှုမရနေဘဲ ငြီးငွေ့စရာကောင်းလာတတ်ကြသလိုဘဲ မိမိဘဝမှာလည်း နေ့စဥ်အမြဲ နံနက် အိပ်ယာထမှ အိပ်ချိန်ထိ နေ့စဥ်အလုပ်တွေပဲ အမြဲလုပ်နေရတဲ့အခါ ငြီးငွေ့တတ်ကြပါလိမ့်မယ်။ ကျွန်မလိုပဲ စာဖတ်သူ အားလုံးမှာလည်း ကျွန်မလို နေ့စဥ်ဘဝကို ငြီးငွေ့လို့ အပြောင်းအလဲတစ်ခုခုကို ပြောင်းလဲချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ မိမိကိုယ်ကိုယ် Confront zone မှာ မနေချင်တော့ဘဲ အပြောင်းအလဲလေးတစ်ခု လုပ်ချင်ခဲ့တယ်။ ထို့ကြောင့် မိမိကိုယ်ကိုယ် Self-reflection လုပ်ရင်း Renew & redo လေး ပြန်လည်စလုပ်ဖြစ်ပါတယ်။

လုပ်ငန်းအတွက်ပင်ဖြစ်ပါစေ၊ မိမိကိုယ်ရေးကိုယ်တာအတွက်ပင်ဖြစ်ပါစေ Self-reflection ဆိုတဲ့ ပြန်လည်သုံးသပ်ခြင်းက ပြုလုပ်သင့်ပါတယ်။ Self-reflection ဆိုတာက ကုန်ဆုံးခဲ့တဲ့အချိန်ကာလကို မိမိကိုယ်ကိုယ် မှန်လိုပြန်ကြည့်ပြီး သုံးသပ်ဆင်ခြင်ကြည့်ခြင်းပင် ဖြစ်ပါတယ်။ ဒီအလေ့ကျင့်ကောင်းလေးတစ်ခုကလည်း မိမိရဲ့ လုပ်ငန်းခွင်မှ လေ့လာသင်ယူရခဲ့တဲ့အလေ့အကျင့်ကောင်းတွေများစွာထဲက တစ်ခုပင်ဖြစ်ပါတယ်။ အလုပ်နဲ့ ပတ်သက်လို့ self-reflection လုပ်ဖြစ်ပေမယ့် မိမိ Personal development ပိုင်းနဲ့ ပတ်သက်လို့ မလုပ်ဖြစ်တာများတယ်။ ယခုနောက်ပိုင်းမှာမှ self reflection လုပ်ခြင်းရဲ့ ကောင်းခြင်းတွေကို သိလာခဲ့ရပါတယ်။ Self-reflection လုပ်မှသာ မိမိရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ လိုအပ်ချက်၊ အားနည်းချက်၊ အားသာချက်၊ ပြုပြင်စရာများ စသဖြင့် မိမိကိုယ်ကိုယ် မိမိအကြောင်း ပိုသိမြင်နားလည်လာပါတယ်။ လူတော်လူကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုရင် မိမိအကြောင်း မိမိနားလည်သိရှိပြီး မိမိကိုယ်ကိုယ် အမြဲ self-reflection လုပ်ကာ အားနည်းချက်ကို အားသာချက်ဖြစ်လာအောင် ပြုပြင်၍ အားသာချက်ကို ပိုမိုတောက်ပလာအောင် လုပ်ဆောင်နိုင်လာပါလိမ့်မယ်။

အားလုံးမှာက အားနည်းချက်၊ အားသာချက်၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုပြီး အရာရာ ဒွန်တွဲပြီး ရှိနေမှာပဲပေါ့နော်။အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကောင်းတဲ့အခြေအနေတွေလည်း ဖြတ်သန်းခဲ့ရတာဖြစ်နိုင်သလို၊ ခက်ခဲတဲ့ကာလတွေလည်း ဖြတ်သန်းခဲ့ရတာတွေလည်းကြုံခဲ့ရနိုင်ပါတယ်။ ဘယ်လိုသောအခက်ခဲတွေ၊ ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရပါစေ ဒီအကြောင်းအရာတွေကနေ မိမိက (သင်ခန်းစာ၊ ခွန်အား စသဖြင့်..) တစ်ခုခု ရရှိလိုက်တယ်ဆိုရင် မိမိအတွက် wisdom ပါပဲ မိမိစိတ်ကို အရှုံးမပေးဘဲ ပြန်လည်ရှင်သန်ပြီး ကြိုးစားခွင့်တွေရှိပါတယ်။ တစ်ချိန်က ကြုံခဲ့ရသော အခက်အခဲ၊ ပင်ပန်းမှုများက ယခုအချိန်ပြန်ပြီး self-reflection လုပ်ကြည့်ရင် ဟာသတစ်ခုလိုပါပဲ။ ထို့ကြောင့် လက်ရှိအချိန်မှာ ဘာပဲကြုံတွေ့လာ၊ ကြုံတွေ့ လာ အကောင်းဆုံးသာ ရဲရဲရင့်ရင့် ရင်ဆိုင်လုပ်ဆောင်ဖို့ နှင့် beyond the limit ဆိုတဲ့စကားအတိုင်းပဲ မိမိလက်ရှိထက် လက်တစ်လှမ်း ပိုလှမ်း၍ လုပ်ကြည့်ခြင်းကို ရွေးချယ်စေချင်ပါတယ်။

Self-reflection အရ ကျွန်မအတွက်ဆိုရင် ဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ ကျွန်မကိုယ်ကျွန်မ မကြိုက်နှစ်သက်တာ၊ ကျေနပ်တာတွေလည်း ရှိခဲ့သလို၊ ကျွန်မကိုယ်ကျွန်မ မကြိုက်နှစ်သက်တွေလည်း များနေခဲ့ပါတယ်။ ကျေနပ်အားရ မနေခဲ့ဘူးပေါ့။ စာဖတ်သူတွေမှာလည်း ကျွန်မလို ရှိမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးမှာ မိမိကိုယ်ကိုယ်တိုင် မကြိုက်တာတွေ၊ မကောင်းတာတွေ၊ ဆိုးတာတွေ အားနည်းချက်တွေ စသဖြင့်မကြိုက်တာတွေကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ သိလာရပါတယ်။ ကျွန်မအတွေ့အကြုံတစ်််််် ပြောပြပါမယ်။ ဥပမာ ကျွန်မဆိုရင် လူတွေရှေ့မှာ စကားပြောရမှာ ကြောက်ရွံတဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ချိန်တုန်းက ကျွန်မ လုပ်ငန်းခွင်မှာ မိမိအလှည့်ကျတဲ့ခါ နာရီဝက်ခန့် presentation လုပ်ရပါတယ်။ အားလုံရှေ့မှာ မိမိ မျှဝေပေးချင်တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ presentation slide နဲ့ ရှင်းပြရတာဖြစ်တဲ့အတွက် လူတွေရှေ့မှာ စကားပြောရတဲ့ခါ အမှားမှား၊ အယွင်းယွင်းနဲ့ အရမ်းခက်ခဲခဲ့ပါတယ်။ Presentation ဆိုတာကြီးကို မလုပ်ချင်တော့ထိ ဖြစ်ခဲ့ဖူးတယ်။ ထိုအခိုက်အတန့်‌‌မျိုးကို မိမိအလှည့်ကျတိုင်း ရင်ဆိုင်ပြီး အကောင်းဆုံး တစ်လ၊ နှစ်လ လုပ်ဆောင်လိုက်တဲ့အခါ ယခုဆိုရင် presentation လုပ်ရတာကို အရမ်းပျော်နေသူ ဖြစ်သွားခဲ့ပါပြီ။ ဆိုလိုချင်တာက ဘယ်အရာမဆို ကြောက်ရွံ့မနေနဲ့ ရင်ဆိုင်ပြီး လုပ်ဆောင်ကြည့်စေချင်တာပါ။ ကျွန်မတို့အားလုံးမှာ လုပ်နိုင်စွမ်းတွေရှိပါသေးတယ်ဆိုတာကို ဥပမာပေးချင်တာပါရှင့်။ မိိမိကိုယ်တိုင် ဘာမှမလုပ်ရင် ဘာမှမဖြစ်လာသလို ဘာမှမပြောင်းလဲရင် ဘာမှပြောင်းလဲလာမှာ မဟုတ်တဲ့အတွက် နောက်တစ်ချိန် မိမိကိုယ်ကိုယ် ပြန်ကြည့်တဲ့ခါ ပိုပြီး ကျေနပ်ချင်တယ်။ ပိုပြီးကြံ့ခိုင်သန်မာသူနဲ့ ပိုပြီးရင့်ကျက်သူတစ်ယောက် ဖြစ်ချင်တဲ့အတွက် စတင်ပြီး upgrade လုပ်ဖြစ်ပါတယ်။

ကျွန်မ အရင်ထက် အလေ့အကျင့်ကောင်းတွေ ပိုပြီးစလုပ်ပါတယ်။ လုပ်ဆောင်မှုတစ်ခုကို တစ်နေ့ တစ်ချက်၊ တစ်‌နေ့ တစ်ဆင့်ချင်းစီ ပြောင်းလဲရင်တောင် နေ့စဥ် စဥ်ဆက်မပျက်လုပ်လိုက်ရင် အလေ့အကျင့်တစ်ခုလို ဖြစ်လာပြီး အကျင့်ဆိုးတွေက လျော့နည်းလာပါမယ်။ အလေ့အကျင့်ကောင်းတွေ လုပ်တာများလာရင် မိမိဘဝ မိမိအတွေးအမြင်တွေပါ ပြောင်းလဲသွားနိုင်တယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်မတို့အားလုံး မိမိကိုယ်ကိုယ် ယခင်နဲ့ မတူတဲ့ ပိုမိုကောင်းမွန်တဲ့သူတစ်ယောက်လို ပြောင်းလဲဖို့ဆိုရင်
(1) Be honest with yourself & notice behavior patterns.

မိမိက ဘယ်လိုလူလဲ၊ ဘာလိုလူ ဖြစ်ချင်တာလဲ၊ ကောင်းခြင်း၊ ဆိုခြင်းတွေကို ရိုးသားစွာ လက်ခံပြီး ရိုးသားစွာ မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။ မိမိ အားနည်းချက်ကို မှေးမှိန်အောင်လုပ်ပြီး အားသာချက်ကို တောက်ပအောင် လုပ်ဆောင် ဖို့ မိမိရဲ့ အားနည်းချက်၊ အားသာချက်၊ ကောင်းခြင်း၊ ဆိုးခြင်းကို ရိုးသားစွာ  self-reflection လုပ်ကြည့်ပြီးရင် note လုပ်ပါ။

(2) Be forgiving.

မိမိတို့ဘဝမှာ အမှားတွေ၊ အဆိုးတွေ၊ အခက်အခဲတွေ ရှိခဲ့ပါလိမ့်မယ်။ ဒါတွေလုပ်ခဲ့ခြင်း ကြုံခဲ့ခြင်းတွေကို ခွင့်လွှတ်ပါ၊ သင်ခန်းစာယူပြီး ဆက်ရှင်သန်ပါ။

(3) Keep track of your self-reflection.

-မိမိ နံပါတ် ၁ မှာ သုံးသပ်ခဲ့တာတွေကို နေ့စဥ် record လုပ်ပါ။
-မိမိ ဘယ်လောက်ပြောင်းလဲလာသလဲဆိုတာကို မှတ်စုစာအုပ်လုပ်ပါ။
-ဘယ်အရာတွေကို သေချာလုပ်နိုင်ခဲ့လဲဆိုတာ မှတ်စုစာအုပ်လုပ်ပါ။
-ဘယ်အရာတွေက မလုပ်နိုင်ဘဲ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်လဲဆိုတာကိုပါ မှတ်စုလုပ်ပါ။
-အခက်အခဲတွေ။ သင်ခန်းစာတွေပါ မှတ်စုစာအုပ်လုပ်ပါ။

ထို့နောက် မိမိကိုယ်ကိုယ် အကောင်းဆုံး self-reflection လုပ်ပြီးပြီဆိုရင် ကိုယ် reflection လုပ်ခဲ့တဲ့အရာတွေကို လက်တွေ လုပ်ဆောင်ရမယ့်အပိုင်းပါ။ မိမိဖြစ်ချင်တာတွေ၊ မိမိလိုချင်တဲ့ဘဝတွေ ဖြစ်လာဖို့ အကောင်အထည်ဖော်ရမယ့်အပိုင်းပါရှင်။ မိမိ ပြောင်းလဲချင်တဲ့ပုံစံ၊ ဖြစ်ချင်တဲ့ အခြေအနေသို့ ပြောင်းလဲလာဖို့ဆိုရင်

Step (1) Goal setting

-Goal setting လုပ်ပါ။ မိမိဘယ်ချိန်မှာ ဘာဖြစ်ချင်််လဲ၊ ဘယ်လို လုပ်ဆောင်ရမလဲ၊ အချိန်အတိုင်းအတာကရော ဘယ်အချိန်ယူရမလဲ မိမိကိုယ်ကိုယ် သေချာ သိရှိနားလည်ပြီး သတ်မှတ်ပါ။

Step (2) Create Vision Board

Vision board ဆိုတာက မိမိသတ်မှတ်ထားတဲ့ goal setting တွေကို ကိုယ်စိတ်ကနေ တွေးနေရုံနဲ့တင်မဟုတ်ဘဲ မျက်စိနဲ့ပါ မြင်နေ၊ တွေ့နေနိုင်အောင် ပြုလုပ်တဲ့ vision board လေးပဲ ဖြစ်ပါတယ်။ Vision board ဖန်တီးတဲ့အခါ မိမိဆန္ဒကို သေသေချာချာ လုပ်ဆောင်ပေးမယ့်အရာတွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ စိတ်ဓာတ်ကျချိန်နဲ့ ကြုံရင်တောင် vision board လေး မြင်တာနဲ့ မိမိသွားချင်တဲ့ လမ်းပေါ် ပြန်တည့်မတ်ပေးပါတယ်။ Vision board လေးကို မိမိအမြဲမြင်ရမယ့်နေရာမျိုး၊  မိမိနဲ့အတူအမြဲရှိနေမယ့်နေရာမျိုးဆိုရင် ပိုကောင်းပါတယ်။ ကျွန်မကတော့ ဒီ vision board ဖန်တီးနည်းလေးကို တော်တော်လေး သဘောကျလို့ လိုက်လုပ်ဖြစ်ပြီး ပိုမိုကောင်းမွန်သူတစ်ယောက်ဖြစ်လာအောင် ပြောင်းလဲလေ့ကျင့်တည်ဆောက်နေပါတယ်။ ဒီနည်းလမ်းလေးကတော့ စာရေးဆရာမ မွန်ဟော်စီ ရေးသားထားတဲ့ RENEW REDO ဆိုတဲ့ စာအုပ်လေးမှ နည်းလမ်း ၂ ချက်ကို ကောက်နုတ်ဖော်ပြထားပါတယ်ရှင့်။ ဒီစာအုပ်လေးရဲ့ ရည်ရွယ်ချက်ကိုက လူတစ်ယောက်ကို ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်လေးပါ။ ကျွန်မလို ပြောင်းလဲချင်တဲ့သူတွေအတွက် မိမိဘဝကို စပြီး အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် စာရေးဆရာမ မွန်ဟော်စီ ရေးသားထားတဲ့ RENEW REDO ဆိုတဲ့ စာအုပ်လေး ဖတ်ကြည့် ဖို့ အကြံပြုပါတယ်။

ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေရင်းနဲ့ ယခု blog လေးတွေ အဆုံးသတ်ပါရစေရှင့်။ ယခု blog လေး ဖတ်ပြီး ဗဟုဟုတလေးတစ်ခုခုတော့ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Hello