Others

The Secrete Of Self-Study

မင်္ဂလာပါရှင့်……ကျွန်မကတော့ Web Designer အဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဆုရည်ထွန်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ Self Study လုပ်ခြင်းအားဖြင့် ရရှိလာမဲ့ အားသာချက်များကို ပြောပြချင်ပါတယ်။

အရင်က ကျွန်မကိုယ်တိုင် Self Study လုပ်ရတာထက် သင်တန်းတက်၊ဆရာ၊ဆရာမတွေ ကို အားကိုးတဲ့စိတ် ရှိခဲ့ပါတယ်။ကိုယ်တိုင်လေ့လာရင် အဆင်မပြေတာက များပါတယ်။

လွန်ခဲ့သော လ အနည်းငယ် ကမှ Online knowledge share page တစ်ခုမှ အကိုတစ်ယောက်ရေးထားတဲ့ blog လေးကို ဖတ်မိရာမှ ကိုယ်ပိုင် Self Studying လုပ်ချင်တဲ့ စိတ်ပေါ်ပေါက်လာခဲ့ပါတယ်။

ကွန်ပျူတာ IT ပိုင်းလေ့လာလိုက်စားဖို့ ကြိုးစားကြတဲ့ လူတိုင်း မလွဲမသွေ ကြုံတွေ့ရမှာကတော့ Self Study လုပ်ရသည့်အပိုင်းဖြစ်ပါတယ်။ IT နယ်ပယ် အားလုံးတွင် ကျင်လည်နေရသောသူများသည် နေ့စဉ်လုပ်ငန်းခွင် ပြသာနာများကို ရင်ဆိုင်ဖြေရှင်းကြရပါတယ်။ကိုယ်လိုချင်တဲ့ အဖြေကို မြန်မြန်ဆန်ဆန် ရရှိကြတာတော့ နည်းပါတယ်။ကိုယ်သိထားသော ဗဟုသုတများ ကို ပြန်လည် စဉ်းစားပြီး Knowledge Library လို့ တင်စားခေါ်ဝေါ်ကြတဲ့ Internet ကနေလဲကိုယ်ကိုယ်တိုင် ရှာဖွေရပါတယ်။လေ့လာခဲ့ဖူးသော စာအုပ်များကိုလဲ တစ်ဖန်ပြန်လည် ဖတ်ရှုရပါတယ်။ ကြုံတွေ့ လာသည့်ပြသာနာပေါ်မူတည်ပြီး ကိုယ်ကိုယ်တိုင် ရှာဖွေ ဖြေရှင်းကြရသည်။ စိတ်ညစ်စရာ ကောင်းတယ်လို့ ထင်ခဲ့တဲ့ Self Study လုပ်ရခြင်းကို ကောင်းမွန်တဲ့အမြင်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ blog ထဲက အကြောင်းအရာအချို့ကိုပြန်လည်ဝေမျှပေးချင်ပါတယ်။

” ဝါသနာပါသော ဘာသာရပ်တခု ကို ကိုယ်တိုင်လေ့လာခြင်းဖြင့်-

  • သက်ဆိုင်ရာ ဘာသာရပ်အကြောင်းအရာများကို ပိုမိုသိရှိနားလည်တတ်ကျွမ်းလာသလို မူရင်းစာအုပ်များကိုဖတ်ရှုလေ့လာခြင်းဖြင့် သက်ဆိုင်ရာ ဘာသာစကား အရေးအဖတ်စွမ်းရည်   နားလည်အောင် ဘာသာပြန်ဖတ်ရှုနိုင်သည့်စွမ်းရည်များတိုးတက်လာခြင်း၊·
  • မိမိကိုယ်ကို ယုံကြည်အားကိုးမှု တိုးပွားလာခြင်း၊” စသည့် အကျိုးကျေးဇူးများရရှိပါတယ်။

ထို့ပြင် ကိုယ်ကိုယ်တိုင်နားမလည်သေးသောဘာသာရပ်များကို နားလည်သဘောပေါက်အောင်လေ့လာရသည့်အရာသည် လွယ်ကူသည့်အလုပ်မဟုတ်ပေ။ အဓိက လျှိုဝှက်ချက် တခုရှိပါသည်။

ထိုလျှိုဝှက်ချက်မှာ – ” မိမိလေ့လာသိ ရှိသွားပါက တခြားသူများလည်းနာလည်အောင် ပြန်လည်ရှင်းပြ ပေးလိုသည့်စိတ်စေတနာဖြင့် လေ့လာဆည်းပူးခြင်း ”   ဖြစ်ပါသည်။ထိုစေတနာကောင်း၏ အကျိုးကျေးဇူး ကိုအခြားသူများမခံစားရမီ ကာယကံရှင် မိမိကိုယ်တိုင် အရင်ခံစားရမည်ဖြစ်သည်။

Self Study လုပ်နေသော တခြားသူများလည်း အဆိုပါစိတ်စေတာနာကောင်းလေးရရှိသည်ကိုသတိပြုမိရင်း ကိုယ်တိုင်ကြုံတွေ့လာရသည့်အခက်ခဲများအားလုံးကိုဖြေရှင်းနိုင်ကြပါစေလို့ ဆဒ္ဒပြုရင်း…. နောက်တပါတ်မှာလဲ IT knowledge နဲ့ပတ်သတ်တဲ့အကြောင်းရာလေးတွေ သိသလောက်ပြန်လည်ဝေမျှပေးပါ့မယ်။အားလုံုးကို ကျေးဇူးတင်ပါတယ်။

Reference:

http://www.mmshare.org/

Hello