အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ လဲ့ရည်ဖြိုးပါ။ ယခုတစ်ပတ်မှာတော့ Excel မှာ Date & Number တွေကို Auto Series အသုံးပြုနည်း နှင့် Date တွေကို Years and Months ပြောင်းနည်းနဲ့ ပတ်သက်ပြီး အပိုင်း နှစ်ပိုင်းဖြင့် ရေးသားမျှဝေသွားပါမယ်။
လူတိုင်းအတွက် Excel ဆိုတာ အသုံးဝင်သော၊ တတ်မြောက်ထားသင့်သော ပညာရပ်တစ်ခု ဖြစ်ပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် အသေးစိတ်ကျကျ လေ့လာမယ်ဆိုရင် Excel ဆိုတာက မကုန်ဆုံးနိုင်သော၊ မိမိမသိသေးသော၊ မိမိမတတ်မြောက်သေးသော အသုံးပြုနည်းမျာစွာ ရှိကြောင်း လေ့လာသိရှိရပါတယ်။ ထို့ကြောင့် အခွင့်ကြုံရင်ကြုံသလို လေ့လာပြီး မျှဝေသွားဖို့လည်းရှိပါတယ်။ Excel ပညာရပ်ကလည်း အသုံးချတတ်ရင် ချတတ်သလို တတ်မြောက်ရင် တတ်မြောက်ထားသမျှကို ကိုယ့်ရဲ့ လုပ်ငန်းဌာနမှာ လက်တွေ့အသုံးချမယ်ဆိုရင် လုပ်ငန်း ပိုမို လွယ်ကူ ပြီးမြောက်စေတဲ့ နည်းပညာတစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ ဘယ်လုပ်ငန်းခွင်မှာမဆို အခြေခံအားဖြင့် Excel ကတော့ အနည်းဆုံး တတ်မြောက်ထားမှ အလုပ်ခေါ်ကြတာ တွေ့မြင်ရပါတယ်။ ကျွန်မလို ရုံးပိုင်းဆိုင်ရာ လုပ်ငန်းခွင်မှာ တာဝန်ယူလုပ်ကိုင်နေရတဲ့သူ တစ်ယောက်အတွက်ကတော့ Excel နဲ့ ကင်းကွာလို့မရပါဘူး။ ထို့ကြောင့် မိမိ လေ့လာထားဖြစ်တဲ့အကြောင့်အရာထဲမှ ပထမဆုံးအနေနဲ့ Excel မှာ Date & Number တွေကို Auto Series အသုံးပြုနည်းကို အသုံးချပြီး လွယ်ကူမြန်ဆန်အောင် မိမိလုပ်ငန်းအတွက် ဘယ်လို အသုံးချရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ မိမိက မိမိ အသုံးပြုမည့် Excel မှာ Number, Date, Month တို့ ရေးမည်ဆိုပါက အသုံးပြုမည့် အရေအတွက်ပေါ်မူတည်ပြီး အချိန်ပေးကာ တစ်လုံးချင်း ရေးရပါလိမ့်မယ်။ အရေအတွက် (၁၀၀) ဆို အကြိမ် (၁၀၀) အချိန်ပေးရေးရပါမယ်။ ထို အောက်ပါ video နည်းအတိုင်းဆိုရင် အရေအတွက် (၁၀၀) ဆိုလည်း အကြိမ် (၁၀၀) အချိန်ပေး ရေးစေရာမလိုပဲ လွယ်ကူမြန်ဆန်ပြီး မှန်ကန်တဲ့ ရေးသားမှုမျိုး ရပါလိမ့်မယ်။ အသုံးပြုမှု အသေးစိတ်ကို အောက်ပါ Video မှာ ဆက်လက်ပြောပြပေးထားပါတယ်။
ဒုတိယပိုင်း အနေဖြင့် ကျွန်မတို့ Excel မှာ Date တွေ ကို Year & Month ပြောင်း၍ အသုံးပြုတွက်ချက်နည်းကို ပြောပြပေးသွားပါမယ်။ ကျွန်မတို့ လုပ်ငန်းတွေမှာ အလုပ်သမားတွေ အလုပ်စဝင်တဲ့ နေ့ရက်၊ မွေးနေ့ စသဖြင့် နေ့များကို ယခုဆို ဘယ်နှစ်နှစ် ဘယ်နှစ်လ ရှိပြီလဲ ဆိုတာကို သိရှိနိုင်ရန် Excel ကိုအသုံးပြုပြီး အရေအတွက်ဘယ်လောက်များများ ဖြစ်ဖြစ် အလွယ်တကူမြန်ဆန်တွက်ချက်လို့ရတဲ့နည်းကို မျှဝေပေးသွားပါမယ်။ ဥပမာ ကျွန်မက လုပ်ငန်းတစ်ခုမှာ 2017.02.10မှာ အလုပ်စဝင်ခဲ့တယ်ဆိုပါစို့ ယခုဆိုရင် အလုပ်သက်တမ်း ဘယ်လောက်လဲဆိုရင် ညီမတို့ အချိန်ပေးပြီး ရေတွက်ရပါတယ်။ တစ်ဦးအတွက်ဆို ကိစ္စမရှိပေမယ့် အရေအတွက် (100) ဆိုရင် များစွာ အချိန်ပေးရပါတယ်။ အောက်ပါ Excel အသုံးပြုနည်းကို အသုံးပြုပါက အချိန်တိုအတွင်း လွယ်ကူမြန်ဆန်စွာ တွက်ချက်နိုင်မှာပါရှင့်။ အသေးစိတ်ကို အောက်ပါ video လေးမှာ လေ့လာလို့ရပါတယ်။
ကျွန်မ မျှဝေပေးသွားတဲ့ အသုံးပြုနည်းလေးကို လိုအပ်တဲ့သူအတွက် ယခု ဘလော့ဂ် လေးကို ဖတ်ပြီး အသိပညာတစ်ခု အထောက်အကူတစ်ခုတော့ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ရင်း ယခု ဘလော့ဂ် လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်ရှင်။