Design

Photoshop Image Retouch

Photoshop မှာ Image Retouch လုပ်တာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ညီမကတော့ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေးပါ။ ဒီနေ့ကတော့ Recipe ပုံတွေကို သဘာဝကျကျ ပြင်တာနဲ့ပတ်သက်ပြီး အဓိကအနေနဲ့ ပြောပြပေးသွားပါမယ်။

၁။ Image Retouch ဆိုတာဘာလဲ။
Image Retouch ဆိုတာ မူရင်းဓာတ်ပုံရဲ့ အကြောင်းအရာနဲ့ သဘာဝအသွင်အပြင်ကို မပျောက်ပျက်စေဘဲ ပိုမိုကြည်လင်၊ မျှတပြီး သဘာဝကျကျ လှပလာစေဖို့ ပြုပြင်ဖန်တီးခြင်း ဖြစ်ပါတယ်။

Retouch လုပ်တဲ့အခါ အဓိကထားရမယ့် ရည်ရွယ်ချက် (၃) ချက်ကတော့ –
သဘာဝကျမှု (Natural): မူရင်းအရောင်နဲ့ Texture ကို မပျောက်ပျက်အောင် ထိန်းသိမ်းရပါမယ်။
ညီမျှမှု (Balanced): အလင်း၊ အရိပ်နဲ့ အရောင်တွေကို ဟန်ချက်ညီစေရပါမယ်။
ကြည့်ကောင်းမှု (Clear): အသေးစိတ်အပိုင်းတွေကို ပိုမိုရှင်းလင်းစေပြီး အစားအစာရဲ့ စားချင်စဖွယ် ဆွဲဆောင်မှုကို မြှင့်တင်ပေးရပါမယ်။

၂။ Retouching မှာ အဓိကပြုပြင်ရမယ့် အပိုင်းများ
ပုံတစ်ပုံကို ပြင်ဆင်တဲ့အခါ အလွန်အကျွံ မဖြစ်စေဘဲ သဘာဝကျစေဖို့ အောက်ပါအပိုင်း (၃) ပိုင်းကို ဦးတည်ပြင်ဆင်သင့်ပါတယ်။
အလင်းအမှောင်ညှိခြင်း: မှောင်လွန်းတာ၊ လင်းလွန်းတာနဲ့ အလင်းမညီညာမှုတွေကို ပြုပြင်ပေးပါ။
အရောင်ညှိခြင်း: White Balance၊ အရောင်အပူအအေး (Color Temperature) နဲ့ Saturation တွေကို မျှတအောင် ညှိပေးပါ။
အသေးစိတ်ထိန်းသိမ်းခြင်း: အစားအစာရဲ့ မူရင်း Texture နဲ့ သဘာဝအသွင်အပြင်ကို မပျောက်ပျက်အောင် ထိန်းထားပေးပါ။

၃။ Photoshop မှာ အသုံးပြုနိုင်တဲ့ Tools များ
ကိုယ်ပြင်ဆင်လိုတဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ Tool တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Brightness / Contrast: ပုံတစ်ခုလုံးရဲ့ အလင်းအမှောင်နဲ့ ကွာခြားမှုကို လွယ်ကူလျင်မြန်စွာ ညှိယူနိုင်ပါတယ်။
Curves / Levels: အလင်းပိုင်း၊ အရိပ်ပိုင်းနဲ့ Tonal Range တွေကို ပိုမိုတိကျစွာ ထိန်းချုပ်ပြင်ဆင်နိုင်ပါတယ်။
Hue / Saturation & Color Balance: အရောင်တောက်ပမှုနဲ့ အရောင်အပူအအေးကို အသေးစိတ်ချိန်ညှိနိုင်ပါတယ်။
Camera Raw Filter: Exposure၊ Highlights၊ Shadows၊ Whites၊ Blacks နဲ့ Texture အားလုံးကို နေရာတစ်ခုတည်းမှာ စုံလင်ပြည့်စုံစွာ ချိန်ညှိနိုင်တဲ့ အကောင်းဆုံး Filter ဖြစ်ပါတယ်။

၄။ Camera Raw Filter ဖြင့် လက်တွေ့ပြင်ဆင်ခြင်း (Settings)
ဒီတစ်ခါမှာတော့ အစားအစာပုံကို ပိုမိုတောက်ပပြီး စားချင်စဖွယ်ဖြစ်သွားအောင် Camera Raw Filter မှာ ညီမအသုံးပြုထားတဲ့ Parameter Setting လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Light (အလင်းအမှောင်ပိုင်းဆိုင်ရာ ညှိချက်များ)
Exposure: +0.25 (ပုံလေး ပိုလင်းသွားစေရန်)
Contrast: +12 (အလင်းအမှောင် ကွာခြားချက်ကို အနည်းငယ်မြှင့်ရန်)
Highlights: -30 (အလင်းအရမ်းများတဲ့ နေရာတွေကို ပြန်ထိန်းရန်)
Shadows: +30 (မှောင်နေတဲ့ အရိပ်နေရာတွေကို အလင်းပြန်ဖွင့်ပေးရန်)
Whites: +5 (အဖြူရောင်အပိုင်းကို အနည်းငယ် ကြည်လင်စေရန်)
Blacks: -8 (အနက်ရောင်အပိုင်းကို အနည်းငယ်ပိုလေးနက်စေရန်)

Color & Detail (အရောင်နှင့် အသေးစိတ်ပိုင်းဆိုင်ရာ ညှိချက်များ)
Vibrance: +12 (သဘာဝကျကျ အရောင်ပိုမိုစိုပြေလာစေရန်)
Saturation: -2 (အရောင်အရမ်းရင့်ပြီး မျက်စိစူးမသွားစေရန် အနည်းငယ်လျှော့ချခြင်း)
Texture: +12 (အစားအစာရဲ့ အသားမျှင်နှင့် မျက်နှာပြင် အသေးစိတ် ပေါ်လွင်စေရန်)
Clarity: +6 (အစွန်းအစပ်နှင့် အလယ်အလတ်အလင်းတွေကို ပိုမိုပြတ်သားစေရန်)

Masking (သီးသန့်နေရာ ရွေးချယ်ပြင်ဆင်ချက်)
Exposure: +0.25
Highlights: -5
Shadows: +30
Texture: +8

တစ်ဆင့်ချင်းစီ ပြောပြပေးသွားတာဖြစ်တဲ့အတွက် နားလည်လွယ်မယ်လို့ ထင်ပါတယ်။ ဘလော့ဂ်လေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Hello