Design

Adobe Illustrator Pen Tool Basics

Adobe Illustrator မှာပါတဲ့ Pen Tool ရဲ့ အခြေခံလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ညီမကတော့ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေးပါ။ ပထမဆုံးအနေနဲ့ Adobe Illustrator အကြောင်းလေးကို ပြောပြပေးပါမယ်။

Adobe Illustrator ဆိုတာဘာလဲ။
Adobe Illustrator က Vector Graphic Design Software ဖြစ်ပြီး Logo, Icon, Illustration, Typography, Banner စတဲ့ Design တွေကို ဖန်တီးတဲ့အခါမှာ အသုံးပြုပါတယ်။ Photoshop မှာလို Pixel တွေကို အခြေမခံဘဲ သင်္ချာနည်းကျတဲ့ Anchor Point, Path လမ်းကြောင်းများဖြင့် တည်ဆောက်ထားပါတယ်။ အဲ့ဒါကြောင့် Zoom ဘယ်လောက်ချဲ့ချဲ့ မဝါးဘဲနဲ့ Print Quality ကောင်းပါတယ်။

Illustrator မှာ ဘာတွေလုပ်လို့ရလဲ။
Logo Design
Icon Design
Typography
Illustration
Social Media Design
Print Design
အစရှိတဲ့ Design တွေကို ဆွဲတဲ့အခါမှာ အသုံးပြုပါတယ်။

Pen Tool ဆိုတာဘာလဲ။
Pen Tool က Illustrator ထဲမှာ အရေးကြီးတဲ့ Drawing Tool တစ်ခုဖြစ်ပြီး Vector Path တွေကို တိတိကျကျဆွဲဖို့အတွက် အသုံးပြုပါတယ်။

Shortcut – P

အသုံးများတဲ့နေရာ
Logo Design
Icon Design
Typography
Custom Shapes
Illustration
အစရှိတဲ့ Design တွေကို ဆွဲတဲ့အခါမှာ Pen Tool ကို အများဆုံး အသုံးပြုပါတယ်။

Pen Tool Basics
Click = Straight Point
Click + Drag = Curve
Shift = Straight Line (0°, 45°, 90°)
Esc = Finish Current Path

Pen Tool Basics လေးတွေကို အသုံးပြုပြီး Illustrator မှာ လုပ်ပြပေးသွားပါမယ်။

Beginner Exercise
Rectangle
Triangle
Circle

Typography
HELLO

အဆင့်ဆင့်လုပ်ပုံကို အောက်ပါ YouTube မှာ ပြောပြပေးထားပါတယ်။

လိုက်လုပ်ကြည့်လို့ရအောင် တစ်ဆင့်ချင်းစီ ပြောပြပေးသွားတာဖြစ်တဲ့အတွက် နားလည်လွယ်မယ်လို့ ထင်ပါတယ်။

နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အပတ်စဉ်တင်ပေးနေတာဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် WIT-Academy YouTube Channel လေးကို Subscribe လုပ်ထားလို့ရပါတယ်။

ဘလော့ဂ်လေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Hello