System

WordPress အကြောင်း သိကောင်းစရာများ

အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်ကတော့ SpiceworksMyanmar Co.,Ltd မှာ Web Developer ဖြင့် အလုပ်လုပ်ကိုင်လျက်ရှိသော ဌေးမင်းခေါင် ဖြစ်ပါတယ်။ ဒီနေ့ တင်ပြပေးချင်တဲ့ Blog မှာတော့ WordPress အကြောင်း၊ အားသာချက် အားနည်းချက်များ၊ Security နဲ့ပတ်သက်တဲ့ သိကောင်းစရာ အကြောင်းအရာများကို မျှဝေပေးသွားချင်ပါတယ်။

WordPress ဆိုတာ ဘာလဲ။
Open Source ဖြစ်ပြီး ယနေ့ အင်တာနက်မှာ Run နေတဲ့ Websites အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးက WordPress ကို အသုံးပြုထားကြပါတယ်။ PHP နဲ့ MySQL အတွဲဖြင့် ဖန်တီးတည်ဆောက်ထားပြီး Robust Server Side မှာ Strong ဖြစ်တဲ့ နည်းပညာများဖြင့် တည်ဆောက်ထားတဲ့အတွက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များကို ပေးစွမ်းနိုင်ပါတယ်။ မြောက်များစွာသော Plugin တွေကိုလည်း ထောက်ပံ့ပေးထားသလို မိမိစိတ်ကြိုက် Plugin တွေကိုလည်း ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

WordPress မှာ ရွေးစရာ နှစ်ခု ရှိပါမယ်။ wordpress.org သည် မိမိဘာသာ Self-hosted လုပ်နိုင်တဲ့ WordPress Zip ကို Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။ Version Histories တွေကိုလည်း ရယူနိုင်ပြီး နောက်ဆုံး ဗာရှင်းကိုလည်း Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။ Advanced Developer တွေအတွက် ဤနေရာကနေ ရယူနိုင်မှာ ဖြစ်ပါတယ်။ wordpress.com ကတော့ Cloud Hosting ကို ရယူရမှာဖြစ်ပြီး အလိုအလျောက် တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် လုပ်ပိုင်ခွင့်မှာတော့ အကန့်အသတ်နဲ့ ရှိနေမှာ ဖြစ်ပါတယ်။

Platform တွင် လုပ်ဆောင်နိုင်သော အရာများ
Block Editor ပါဝင်ပြီး Drag Drop နဲ့ Page များ၊ Post များကို မိမိစိတ်ကြိုက်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ Content တော်တော်များများကိုလည်း ထောက်ပံ့ပေးထားပြီး Plugin တွေကနေလည်း Extend လုပ်နိုင်ပါသေးတယ်။

SEO Friendly အတွက်လည်း ရိုးရှင်းသော ကုဒ်တည်ဆောက်မှု ရှိပြီး Search Engine Indexing အတွက်လည်း အများကြီး လုပ်ပေးစရာမလိုဘဲ Market Plugin တွေကိုလည်း အသင့် ယူသုံးနိုင်မှာ ဖြစ်ပါတယ်။

Multilingual အတွက်လည်း အသေးစိတ် လုပ်ပေးစရာမလိုဘဲ Market Plugin တွေ ယူသုံးနိုင်သလို WordPress ကိုယ်တိုင်မှာလည်း ဘာသာစကားတွေအတွက် ထောက်ပံ့ပေးထားတာလည်း ပါလာမှာ ဖြစ်ပါတယ်။

လုံခြုံရေး Security အတွက်တော့ Update များကို ပုံမှန်ပေးနေမှာ ဖြစ်တဲ့အတွက် ပုံမှန် Update လုပ်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။

WordPress တိုးတက်လာမှုများ
ရိုးရိုး Blog Platform အနေနဲ့ ၂၀၀၃ က စတင်ဖြစ်ပေါ်လာပြီး 2008 ခုနှစ်မှာ Full CMS အနေနဲ့ ပြောင်းလဲတည်ဆောက်ခဲ့ပါတယ်။ 2018 မှာတော့ Gutenberg ကို စတင် မိတ်ဆက်ပေးခဲ့ကြပြီး ယနေ့မှာတော့ လွယ်လင့်တကူ တည်ဆောက်နိုင်တဲ့ Design Freedom Platform တစ်ခု ဖြစ်လာခဲ့ပါပြီ။

အားသာချက်များ
Customization ကို စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး Page တစ်ခုနဲ့ တစ်ခု မတူတော့ အတွေ့အကြုံ၊ အချက်အလက်များကို ပေးစွမ်းနိုင်သလို ပို့စ်တွေကိုလည်း မိမိစိတ်ကြိုက် ဖန်တီးတည်ဆောက်နိုင်ပါတယ်။ Page, Post တွေရဲ့ SEO Performance အတွက်လည်း အလွန်ကောင်းမွန်ပြီး Ecosystem ကလည်း ကြီးတဲ့အတွက် အခက်အခဲ၊ လိုချင်တဲ့ Plugin တွေဟာလည်း Market, Online တွေမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။

အားနည်းချက်များ
အားနည်းချက်တွေကတော့ Security၊ Plugin တွေကို အလွန်အကျွံသွင်းမိရင် Site Load မှာ ထိခိုက်နိုင်သလို Plugin တွေက Site အစမှာ တက်လေ့ရှိလို့ Update အမြဲလုပ်ပေးနေရမှာဖြစ်သလို Plugin တစ်ခုခုက Error တက်နေရင်လည်း Site မတက်တာ၊ Layout ပျက်နေတာမျိုးတွေ ကြုံရနိုင်ပါတယ်။

File Structure တည်ဆောက်မှုများ

header.php
Site Menus, HTML Head Tag တွေအတွက် ကုဒ်ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

index.php
Theme ရဲ့ Fallback File ဖြစ်ပါတယ်။

style.css
Meta Data၊ Visual Styling နဲ့ Typography Rules တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

functions.php
Body Elements, Code redirecting တွေနဲ့ မိမိဖန်တီးချင်တဲ့ Function မြောက်များစွာကို ဤနေရာမှာ ရေးပေးရမှာ ဖြစ်ပါတယ်။

single.php
ပို့စ် တစ်ခုချင်းစီနဲ့ Article တွေအတွက် ဤဖိုင်ကို ဖတ်မှာ ဖြစ်ပါတယ်။

footer.php
Body Footer တွေ၊ Copyright Label တွေကို ပြဖို့အတွက် ဒီဖိုင်မှာ ကုဒ်ရေးပေးရမှာပဲ ဖြစ်ပါတယ်။

page.php
Page Content တွေနဲ့ Page တွေရဲ့ Entry Point လည်း ဖြစ်ပါတယ်။

အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Hello