After Effects ကို စပြီး အသုံးပြုမယ့်သူတွေအတွက် မဖြစ်မနေသိထားသင့်တဲ့ Text Animation လေးလုပ်ပုံကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ညီမကတော့ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေးပါ။ ပထမဆုံးအနေနဲ့ After Effects အကြောင်းလေးကို ပြောပြပေးပါမယ်။
After Effects ဆိုတာကတော့ Motion Graphics, Visual Effects, Animation, Composition တွေအတွက် အသုံးများတဲ့ Adobe ရဲ့ Professional Software တစ်ခု ဖြစ်ပါတယ်။
1. Motion Graphics / Animated Graphics
Logo Animation, Text Animation စတာတွေမှာ အသုံးပြုပါတယ်။
2. Visual Effects
Explosion, Rain, Smoke, Fire အစရှိသဖြင့် Special Effects တွေကို လုပ်ချင်တဲ့အခါမှာလည်း အသုံးပြုပါတယ်။
3. 2D & 3D Animation
Character Animation, Object Movement, Shape Layer Animation စတဲ့ Animation တွေမှာလည်း အသုံးပြုပါတယ်။
4. Compositing
သီးသန့်စီရှိနေတဲ့ Video, Image, Animation, Effect စတာတွေကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖန်တီးချင်တဲ့အခါမှာလည်း အသုံးပြုပါတယ်။
5. Video Post-Production
Video တွေမှာ Color Correction, Transition, Slow Motion စတာတွေ ထည့်ချင်တဲ့အခါမှာလည်း အသုံးပြုပါတယ်။
6. Lottie / App Animation
JSON Format (Lottie) ပြောင်းချင်တဲ့အခါမှာလည်း အသုံးပြုပါတယ်။
အခြေခံကျတဲ့ Text Animation လေးတွေ ဆက်လက်ပြီး ပြောပြပေးသွားပါမယ်။
1. Fade In / Fade Out (Opacity Animation)
2. Position Slide (Slide In Text)
3. Scale Pop (Zoom In / Out)
အဆင့်ဆင့်လုပ်ပုံကို အောက်ပါ YouTube မှာ ပြောပြပေးထားပါတယ်။
https://www.youtube.com/watch?v=BAXgwLMFHyg
လိုက်လုပ်ကြည့်လို့ရအောင် တစ်ဆင့်ချင်းစီ ပြောပြပေးသွားတာဖြစ်တဲ့အတွက် နားလည်လွယ်မယ်လို့ ထင်ပါတယ်။
နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အပတ်စဉ်တင်ပေးနေတာဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် WIT-Academy YouTube Channel လေးကို Subscribe လုပ်ထားလို့ရပါတယ်။
ဘလော့ဂ်လေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။