Work Style

Blog

အားလုံးပဲ မင်္ဂလာပါ‌ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မောင်ညီညီဇော် ဖြစ်ပါတယ်ဗျ။ ဒီတခေါက် ကျွန်တော် Sharing လုပ်ပေးချင်တာက Blog page တစ်ခုပြုလုပ်ပြီး Blog Post တွေ တင်တဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ပြောပြ ပေးသွားပါမယ်။
ပထမဆုံးက Blog ဆိုတာ ဘာလဲဆိုရင်…
Blog ဆိုတာ တစ်စုံတစ်ဦးမှ သူသိထားတဲ့ အချက်အလက် သို့မဟုတ် ထင်မြင်ယူဆချက်များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် မျှဝေနိုင်သည့် ကိုယ်ပိုင် Blog Page မှတ်တမ်း channel ဖြစ်ပါတယ်။
နောက်တစ်ခုက အဖွဲ့လိုက် အတွေးအခေါ်အမြင်များ ယုံကြည်ချက်များကို တင်ပြတဲ့ Blog တွေလည်းရှိပါတယ်။
(1) Blog ရေးရတာ ကုသိုလ်ရပါတယ်။ ကိုယ် Sharing လုပ်ထားတဲ့ Blog ကို မသိတဲ့သူ တစ်ယောက်က ဖတ်လိုက်လို့ သိရှိသွားတယ်ဆိုရင် ပထမဆုံးရလိုက်တာက ကုသိုလ်။ အခကြေးငွေနဲ့ Sharing လုပ်နေကြတဲ့ Bussiness blog တွေဆိုရင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ ဆိုသလိုပါဘဲ။ တကယ်တော့ Blog post ကောင်းကောင်းလေး ဖန်တီးပြီး Sharing လုပ်ပေးနေတာက တနည်းအားဖြင့် ပြောရရင် ကိုယ့်ရဲ့အိမ်ကို အလှဆင်တာနဲ့ တူပါတယ်။ ကိုယ့်ရဲ့အိမ်ကို တခြားလူ နေချင်စိတ် ပေါက်အောင် Decoration ပုံစံ အဆန်းတွေနဲ့ ပြင်ထားတယ် ဆိုရင် အပြင်က လူစိမ်းတစ်ယောက်က ကိုယ့်ရဲ့အိမ်ကို ခဏခဏ လာချင်နေမှာ အမှန်ပါ။ ဝန်ဆောင်မှုကောင်းစွာနဲ့ ကော်ဖီ၊ ထမင်းတို့နဲ့ ဧည့်ခံလိုက်ရင် သေချာပါတယ် သူပြန်ချင်မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုပါဘဲ ကျွန်တော်တို့ရဲ့ Blog page ကို လှလှလေး တည်ဆောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ post တွေ sharing လုပ်ပေးထားရင် ဖတ်ရှုသူတွေက အမြဲတမ်း လာဖတ်နေမှာပါ။

(2) ကိုယ်ရေးတဲ့ အကြောင်းရာလည်း သေသေချာချာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ရွေးထားတဲ့ အကြောင်းအရာကလည်း အကျိုးရှိဖို့ လိုအပ်ပါတယ်။ ဟိုဒီလျှောက်ရေး နေလို့တော့ မဖြစ်ပါဘူး။ ဥပမာ ကျွန်တော်တို့ Company က နည်းပညာ Company ဖြစ်ပေမဲ့ နည်းပညာတွေဘဲ Sharing လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ Freelance ဖြစ်ပေမဲ့ ကိုယ်က သီချင်းအကြာင်းအရာတွေ Sharing လုပ်နေလို့အဆင်မပြေနေပါဘူး။ ကိုယ့်ရဲ့ Blog page theme ကို သိဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ကိုယ်ဟာ ဘယ်အပိုင်းမှာ ကျွမ်းကျင်သလဲ၊ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းကိုသာ ရေးပါ။ ပေါ်ပင် နာမည်ကြီးချင်လို့ ခေတ်စားနေတဲ့ အကြောင်းအရာတွေကို ထဲထဲဝင်ဝင် မသိဘဲ Blog ရေးမယ်ဆိုလည်း ဖတ်ရှုနေတဲ့သူတွေ ပြောလာနိုင်ပါတယ်။ ကိုယ်ရေးမဲ့ အကြောင်းကို ပိုင်ပိုင်နိုင်နိုင် မသိဘဲနဲ့ Blog ရေးခဲ့မယ်ဆိုရင် လူအထင်သေးခံရနိုင်ပါတယ်။ ကိုယ့်ရဲ့ image ကိုလည်း ကျစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်ရွေးချယ်တာ မှန်ကန်ဖို့ လိုအပ်ပါတယ်။

(3) ကိုယ့်ရဲ့ Blog page က website တစ်ခုလို အရမ်းကြီး လှပနေဖို့တော့ မလိုပါဘူး။ ဒါပေမယ့် ဝင်ကြည့်တဲ့သူတွေ အမြင်မှာ ရိုးရှင်းလှပပြီး ဆွဲဆောင်နိုင်စွမ်းရှိရပါမယ်။ Image Size တွေနဲ့ အရောင်တွဲစပ်မှုတွေ မှန်ရပါမယ်။ Background Image နဲ့ Design, Font size, Font color တွေကိုလည်း သတိထားပြီး ရေးဖို့ လိုအပ်ပါတယ်။

(4) ကိုယ်ပိုင်ဖန်တီးမှု ဖြစ်ရပါမယ်။ Blog ပေါ်မှာ ရေးတဲ့ Post တွေဟာ ကိုယ့်ရဲ့ Own Creation တွေ ဖြစ်ရပါမယ်။ တကယ်လို့ ကိုယ့်ရဲ့ blog က နိုင်ငံခြား website blog ကနေ တိုက်ရိုက် ဘာသာပြန်ပြီး ရေးထားတယ်ဆိုရင်လည်း မူရင်းရေးသူကို လေးစားသောအားဖြင့် အညွှန်း link တွေ ထည့်ပေးသင့်ပါတယ်။

(5) ပုံမှန် Update လုပ်ရပါမယ်။ Blog page တစ်ခုကို တစ်ခါ ဖွင့်ကြည့်လည်း ဒီ post၊ နောက်တစ်ပတ်လောက် ဖွင့်ကြည့်လည်း ဒီ post ဘဲဆိုရင် ဝင်ကြည့်တဲ့သူက နောက်လာတော့မှာ မဟုတ်ပါဘူး။အဲ့ဒါကြောင့် အကြောင်းအရာ တူနေရင်တောင် မတူကွဲပြားတဲ့ ပုံစံတစ်မျိုးနဲ့ update လုပ်ပြီး post တွေ တင်ပေးရပါမယ်။ ဥပမာ ဟင်းချက်တဲ့ food blogger တစ်ယောက်က အမြဲတမ်း မီးဖိုချောင်မှာ ဟင်းချက်တာထက် outdoor ဖြစ်တဲ့ တခြားနေရာတွေ ရွေးချယ်ပြီး ချက်ပြုတ်တဲ့ blog က ပိုစိတ်ဝင်စားမှုရစေမှာပါ။

(6) Language လည်း အရေးကြီးပါတယ်။ ကိုယ်က ဘယ် language နဲ့ ရေးမလဲ။ ရေးတဲ့ language ရဲ့ Spelling လည်း မှန်ကန်နေဖို့ လိုအပ်ပါတယ်။ မမှန်ကန်ဘူးဆိုရင် ကိုယ့်ရဲ့ စာအရေးအသား skill တွေကအစ တစ်ပါးသူ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီ blog က ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင်တာဖြစ်လို့ ကိုယ့်ရဲ့ image ကို ထိခိုက်စေပါတယ်။ အခုနောက်ပိုင်းက မြန်မာစာနဲ့ ရေးတဲ့ blog တွေ တော်တော်လေး ရှိလာပြီ ဖြစ်ပါတယ်။ အဲ့ဒီ blog တွေကိုလည်း ဖတ်ရှုသူတွေ များလာကြပြီ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့blog လေး အမှားတွေ နည်းသထက် နည်းအောင် ရေးဖို့လိုအပ်ပါတယ်။

(6) နောက်တစ်ခုက စိတ်ခံစားချက်ပါ။ အခုမှစပြီး Blog page ထောင်တဲ့သူတွေအနေနဲ့ အနည်းငယ် အားငယ်စိတ် ဝင်မိမှာပါ။ ကိုယ်ရေးလိုက်တဲ့ Blog က လူသိနည်းတဲ့အတွက် ဖတ်ရှုသူ နည်းတဲ့အခါ ရေးရတဲ့ Blog အပေါ် အားငယ်စိတ်တွေ ဝင်မိမှာပါ။ သို့ပေမဲ့ မရပ်တန့်လိုက်ပါနဲ့။ ဆက်ရေးပါ။ အောင်မြင်ဖို့ဆိုတာ အချိန်အတိုင်းတာ တစ်ခုဘဲ လိုတာပါ။ ဆက်လုပ်နေဖို့ဘဲ လိုအပ်ပါတယ်။ နောက်တစ်ခုက ဝေဖန်တဲ့ comment တွေကြောင့် စိတ်အနှောက်အယှက် ဖြစ်စေတဲ့ ခံစားချက် ရကောင်းရနိုင်ပါတယ်။ Bolg post တွေက မြန်မာနိုင်ငံမှာ ဖတ်ရှု့သူများပြားလာတဲ့အခါ Bad comment တွေ ရနိင်ပါတယ်။ ဒီအကြောင်းအရာတွေကိုလည်း ကြိုတင် စဉ်းစားထားဖို့ လိုအပ်ပါတယ်။
အပေါ်မှာပြောပြထားတာတွေက အခုမှ Blog page ပြုလုပ်ပြီး Blog post တွေ sharing လုပ်ချင်တဲ့ ညီအစ်ကို၊ မောင်နှမတွေအတွက် အကျိုးတစ်စုံတစ်ရာ ရရှိမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောက်တစ်ခေါက် blog မှာ ပြန်တွေ့ကြပါမယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *