Others

Fundamentals of Digital Marketing

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar Company တွင် Administration Assistant အဖြစ် ဝင်ရောက် အလုပ် လုပ်ကိုင်နေတဲ့ လဲ့ရည်ဖြိုး ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာ Design Group, System Group များအပြင် Internal Group အဖြစ် HR Group, Maintenance Group, Education Group နှင့် Marketing Group တွေဖြင့် ဖွဲ့စည်းထားတာကြောင့် အခုလက်ရှိမှာတော့ ကျွန်မက HR Group ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာဆိုရင် တစ်ဦးတစ်ယောက်ချင်းစီက ရေးသားထားသော Blog များကိုအပတ်စဉ်တိုင်း မျှဝေပေးလေ့လည်းရှိပါတယ်ရှင့်။ ဒီတစ်ပတ်မှာတော့ ကျွန်မ၏ ပထမဆုံး ဘလော့ဂ်အဖြစ် သုံးလအတွင်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံနှင့် လေ့လာဖြစ်ခဲ့သော အကြောင်းအရာကို Fundamentals of Digital Marketing ဆိုသည့် ခေါင်းစဉ်ဖြင့် အနည်းငယ် မျှဝေပေးချင်ပါတယ်ရှင့်။ ကျွန်မအတွက် လုပ်ငန်းခွင်သို့  စတင်ဝင်   ရောက်ချိန်တွင် လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ချက်များနှင့် သဘောတရားများကို သေချာ နားမလည်သေးသည့် အတွက် အလုပ်လုပ်ရာတွင် ကျွန်မအတွက်အဆင်မပြေမှု အနည်းငယ်ရှိခဲ့ပေမယ့် နောက်ပိုင်းတွင် အထက်လူကြီး ၏ လမ်းညွှန်သွန်သင်မှု၊ အစ်ကို၊ အစ်မများ၏သင်ပြမှု၊ အထောက်အပံ့ကောင်းများကြောင့် ပိုမို  ကြိုးစားလေ့လာဖြစ်ခဲ့ပါတယ်ရှင့်။ ကျွန်မတို့ကုမ္ပဏီက ဂျပန်ကုမ္ပဏီဖြစ်သည့်အတွက် အလုပ်ဝင်ရောက်ပြီဆိုတာနဲ့ ဂျပန်ဘာသာစကားကိုလည်း စတင်လေ့လာဖြစ်ခဲ့ပါသေးတယ်ရှင့်။
ထို့အပြင် ရုံးပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ၊ စာရင်းပိုင်းဆိုင်ရာ ပညာရပ်များ၊ အစိုးရရုံးများနှင့် ဆက်သွယ်ရသော လုပ်ငန်းပိုင်းဆိုင်ရာများ၊ presentation ကောင်းများ ဖန်တီးနိုင်ရန်အတွက် လေ့လာသင်ယူမှုများ၊ Task Management, Time management များဖြင့် သေသေချာချာအလုပ်ပြီးမြောက်စွာ လုပ်ဆောင်နိုင်ရန်အတွက်လည်း လေ့လာဖြစ်ခဲ့ပါတယ်ရှင့်။ ထို့ပြင် လေ့လာဖြစ်ခဲ့သော Digital Marketing အကြောင်းနဲ့  ပတ်သက်လို့လည်း ယခု ဘလော့‌ဂ်မှာ အနည်းငယ် မျှ‌ဝေပေးပါရစေရှင့်။

ဒီဘလော့ဂ်လေးမှာဆိုရင် ပထမဆုံးအနေနဲ့ Digital Marketing ဆိုတာ ဘာလဲ? Digital Marketing  ဆိုတာ    ကတော့ ယနေ့ခေတ်လို နည်းပညာတွေ တိုးတက်ပြောင်းလဲလာတဲ့နောက်ပိုင်း စီးပွားရေးလုပ်ငန်းတိုင်း ‌ ဈေးကွက် ရှာဖွေရာမှာ ကျယ်ပြန့်စွာ အသုံးပြုလာကြသည့်ဈေးကွက် လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်ရှင့်။ ဒီဈေးကွက်           လုပ်ဆောင်မှုမှာဆိုရင် မိမိတို့ရဲ့ product တစ်ခု brand တစ်ခုခုကို Google, Social Media, Facebook, Email, YouTube စတဲ့ Social Media တွေပေါ်မှာ အင်တာနက်ကို အခြေခံပြီး ဈေးကွက် နည်းဗျူဟာတွေ၊ Digital နည်း   ပညာတွေ အသုံးပြုကာ ဈေးကွက်ရှာဖွေခြင်းဖြစ်ပါတယ်ရှင့်။ ထို့အပြင် ယနေ့ခေတ်မှာဆိုရင် အင်တာနက်ဟာ    လူတွေရဲ့ life style မှာ လွှမ်းမိုး နေရာယူလာကြပါတယ်။ ထို့ကြောင့် အရင်ကလို offline marketing တွေ အစား Social Media တွေပေါ်မှာ ကိုယ်ပိုင် website တို့ page တို့ဖြင့် online ဈေးကွက် ရှာဖွေလာကြပါတယ်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင် အခြေခံကျတဲ့အချက်အနေနဲ့ ဈေးကွက်ရှာဖွေရာမှာ မိမိလုပ်ငန်းအနေနဲ့ဆိုရင်လည်း Profit ရပြီး Environment အနေနဲ့ဆိုရင်လည်း Benefit ရှိပြီး Customer ဘက်ကအနေနဲ့လည်း Satisfy ဖြစ်မှသာ လုပ်ငန်းတစ်ခု ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်ရှင့်။ အရင်က offline marketing မှာ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဈေးကွက်ထဲရောက်အောင်ဆိုရင် ကုန်ကျစရိတ်တွေအရမ်းများပြီး လုပ်ငန်းလည်ပတ်ဖို့အတွက်လည်း နေရာငှားရမ်းခပိုကုန်ခြင်း၊ ရင်းနှီးငွေတွေပိုကုန်ခြင်း၊ အချိန်တွေပိုကုန်ခြင်း၊ ကြော်ငြာခတွေ ပို၍ ကုန်ကျခြင်း၊ ဝယ်သူထံ ပစ္စည်းရောက်ဖို့ဆိုရင်လည်း delivery ကို အချိန်များစွာစောင့်ရခြင်း စတဲ့အချက်များနဲ့ တွေ့ကြုံ ကြရပါတယ်ရှင့်။

Digital Marketing နဲ့ ဈေးကွက်ရှာဖွေမယ်ဆိုရင်တော့ ထိုအချက်များကို ရင်ဆိုင်စရာမလိုဘဲ လွယ်ကူ လျင်မြန်စွာ ဈေးကွက်ရှာဖွေနိုင်ပါတယ်ရှင့်။ ထို့အပြင် Digital Marketing ကို ကိုယ်ပိုင် Branding နဲ့ ကိုယ်ပိုင် Value သတ်မှတ်ပြီး ကိုယ်ပိုင်ဝန်ဆောင်မှုနဲ့ ဈေးကွက် ရှာဖွေနိုင်ရင် လုပ်ငန်းအတွက် ပိုအဆင်ပြေပြီး marketer တစ်ယောက်အနေနဲ့ product ကိုထုတ်လုပ်မယ်၊ ဘာဒီဇိုင်းကို အသုံးပြုမယ်၊ ဘယ်သူတွေကို Target ထားပြီးဝန်ဆောင်မှုပေးမယ်ဆိုတဲ့ marketing ရှာဖွေရာမှာ marketer တစ်ယောက် လုပ်ဆောင်ရမည့် အရာများကိုလည်း  အနည်းငယ်ပြောပြပေးချင်ပါတယ်ရှင့်။

Marketer တစ်ယောက်အနေနဲ့ မိမိတို့၏  ထုတ်ကုန်တစ်ခု ရောင်းအား မြင့်တင်နိုင်ဖို့ရန်အတွက် Market Situation နဲ့ Marketing Vision ရှိဖို့ လိုအပ်မယ်လို့ထင်ပါတယ်ရှင့်။ ထို့အပြင် Own Brand Loyalty, Customers Needs and Wants, Best Customer Service စတာတွေကို နားလည်ထားမှသာလျှင် မိမိတို့ရဲ့ ဈေးကွက် target များ တိုးတက်လာမှာဖြစ်ပြီး  Customers Trust and Customer Experiences ရှိကာ   ဈေးကွက်အသစ်များ ထပ်မံဖန်တီးနိုင်မှာဖြစ်ပါတယ်ရှင့်။ ဈေးကွက်အသစ်များ ထပ်မံဖန်တီးနိုင်မှသာ မိမိတို့လုပ်ငန်း အမြတ်ဝင်ငွေတိုးပွားလာပြီး customer များနှင့် ရေရှည်ယုံကြည်မှုရရှိကာReview ကောင်းများနှင့် ရေရှည်တည်တံ့ လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင့်။ ဒါပေမယ့်လည်း တကယ်လို့ မိမိ product နဲ့ ပတ်သက်လို့ Marketing disruption တွေလည်း ကြုံတွေ့နိုင်သည့်အတွက် customer’s good feedback  များအပြင်  bad review, bad feedback များနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။ ထိုအခါတွင် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုလည်း ပြင်ဆင်ထားသင့်ပါတယ်ရှင့်။

နောက်ဆုံးအနေနဲ့ကတော့ bad feedback များ ဖြေရှင်းရာတွင် Marketer တစ်ယောက်အနေနဲ့ မိမိတို့ရဲ့ customer’s bad feedback နဲ့ပတ်သက်လို့ လစ်လျူရှုမထားသင့်ဘဲ reply ပြန်ပေးဖို့ လိုအပ်ပြီး customer’s  feedback ကို ဆန့်ကျင်သော အဖြေကို ဖြေကြားခြင်းမှ ရှောင်ကျဉ်၍ ကျေနပ်တဲ့ ဖြေရှင်းမှုမျိုးကို  အကောင်းဆုံး   ဖြေရှင်းပေးသင့်ပါတယ်ဆိုတာ မျှဝေပေးရင်းနဲ့ ဒီထက်မကပိုမိုကောင်းမွန်အောင် အများကြီး ကြိုးစားသွားပါဦးမည်။ယခု ဘလော့ဂ်လေးကို ဖတ်ရှုပေးကြလို့ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ နောက်လာမယ့်အပတ်တွေမှာလည်း မျှဝေပေးဦးမယ့် ဘလော့ဂ်များကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *