Life Style

You Are Your Own Brand

အားလုံးပဲ မင်္ဂလာပါ။
ညီမကတော့ Spiceworks Myanmar မှ မဇင်နုထွေး ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ “You Are Your Own Brand” ဆိုတဲ့ ခေါင်းစဥ်နဲ့အတူ မိမိရဲ့ personal brand ကို ကောင်းမွန်အောင် လုပ်ဆောင်သင့်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ ဒီခေါင်းစဥ်ကို မြင်လိုက်ရတဲ့အခါ ကိုယ်ကိုယ်တိုင်အနေနဲ့ စဥ်းစားလိုက်မိတဲ့ အချက်လေးတွေ ရှိနိုင်ပါမယ်။
ဥပမာ:
– ကိုယ်ပိုင် company မရှိနေသေးတဲ့အတွက် ကိုယ်က brand တစ်ခု မဟုတ်ဘူး
– ကိုယ်က product တစ်ခု မဟုတ်နေတဲ့အတွက် brand မဟုတ်ဘူး
– ကိုယ်က company တစ်ခုမှာပဲ service ပေးရတဲ့ အလုပ်ကို လုပ်နေတဲ့အတွက် brand မဟုတ်နေဘူး ဆိုပြီး တွေးမိကြပါလိမ့်မယ်။
အဲ့ဒီလို တွေးမိခဲ့မယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ ကိုယ်က ဘယ်လိုအလုပ်၊ ဘယ်လို personality ရှိတဲ့သူပဲ ဖြစ်ဖြစ် မိမိကိုယ်တိုင်က ကိုယ့်ရဲ့ brand တစ်ခုပဲ ဖြစ်ပါတယ်။
ကိုယ်လုပ်ဆောင်လိုက်တဲ့ အလုပ် (သို့) အကြောင်းအရာက ဘာလဲ၊ ဘယ်လို လုပ်ဆောင်တတ်တာလဲ၊ ဘာကြောင့် လုပ်ဆောင်ကြလဲ ဆိုတဲ့ လုပ်ဆောင်ချက်တွေ အားလုံးက ကိုယ့်ရဲ့ personal brand ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါတွေကို အတုအယောင်အနေနဲ့ ဖန်တီးဖုံးကွယ်လို့ မရနိုင်ပါဘူး။ လေးနက်မှုရှိပါတယ်။ ယနေ့ခေတ်နောက်ပိုင်းမှာကလည်း social နဲ့ digital community ဖြစ်နေတော့ ကိုယ်က ဘယ်လိုလူမျိုးလည်း ဆိုတာကို လွယ်ကူစွာနဲ့ သိမြင်လို့ ရနိုင်နေပါတယ်။ ပိုပြီးလည်း ဆိုးကျိုးမဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့လည်း လိုလာပါတယ်။

Personal Branding ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်သတ်မှတ်ချက်၊ ရပ်တည်ချက် လုပ်ငန်းစဥ်ပဲ ဖြစ်ပါတယ်။ မတူညီတဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ စံသတ်မှတ်ချက်တွေကို မြှင့်တင်လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။

Personal Branding ရဲ့ အရေးပါတဲ့ component တွေကတော့
၁။ စစ်မှန်မှုရှိရပါမယ်
ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ စစ်မှန်တဲ့ တန်ဖိုးထား သတ်မှတ်ချက်နဲ့ ယုံကြည်မှုရှိရပါမယ်။

၂။ ရှေ့နောက်ညီညွတ်မှုရှိရပါမယ်
ကိုယ့်ရဲ့ brand ကို ထိန်းသိမ်းထားရန်အတွက် ဖြောင့်မတ်ရပါမယ်။ တစ်သတ်မှတ်တည်း ရှိနေဖို့လည်းလိုပါမယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ တာဝန်ယူနိုင်စွမ်းရှိသင့်ပါတယ်။

၃။ သိမြင်နိုင်စွမ်းရှိရမယ်
ရေတိုအနေနဲ့မဟုတ်ဘဲ ရေရှည်အတွက်ပါကြည့်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုကာ သိမြင်နိုင်စွမ်းရှိရပါမယ်။

၄။ မတူညီမှုတွေကို လက်ခံနိုင်ရမယ်
လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ နယ်ပယ်၊ ပတ်ဝန်းကျင်က အရာတွေကို လက်ခံနိုင်အောင် ကြိုးစားပြီး လုပ်ဆောင်နိုင်စွမ်း ရှိရပါမယ်။

ကိုယ်ရဲ့ personal brand ကောင်းမွန်ရင် ယေဘုယျအားဖြင့် ရရှိနိုင်မယ့် အကျိုးတွေကတော့
၁။ ကိုယ့်ရဲ့ career တိုးတက်မှု၊ professional အလုပ်ရဲ့ အခွင့်အလမ်းကို မြှင့်တင်ရာမှာ အကျိုးသက်ရောက်မှုတွေ ရရှိနိုင်ပါမယ်။
၂။ ယုံကြည်စိတ်ချလို့ ရနိုင်တဲ့သူ ဖြစ်တာကြောင့် position အပေါ်မူတည်ပြီး လုပ်ပိုင်ခွင့်နဲ့ လွှမ်းမိုးနိုင်မှုကိုလည်း ရရှိနိုင်လာပါမယ်။
၃။ သင့်တင့်မျှတပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမှသာ လုပ်ဆောင်နေရတဲ့အလုပ်တွေမှာ အခွင့်အရေးဆိုပြီး ရှိလာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ personality အဆင်ပြေနေမှသာ တခြားသူအနေနဲ့ကလည်း လက်တွဲပြီး အလုပ်လုပ်ချင်မှာ ဖြစ်ပါတယ်။
၄။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ value ကို ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေပြီး ပြည့်စုံမှုရှိတယ်လို့ ထင်မြင်ရမှာ ဖြစ်ပါတယ်။

အကျိုးကျေးဇူးတွေ ရရှိနိုင်ရန်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ brand ကို တည်ဆောက်ရမှာ အမှန်ပါပဲ။ ဒါကြောင့်
၁။ ကိုယ့်ရဲ့ စံသတ်မှတ်ချက်နဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ရွေးချယ် သတ်မှတ်ပါ။
၂။ ကိုယ့်ရဲ့ skill နဲ့ အသိပညာတွေကို တိုးတက်အောင် ဆောင်ရွက်ပါ။ မျှဝေပါ။
၃။ ပေါင်းသင်းဆက်ဆံရေးကို ယုံကြည်မှုရရှိအောင် တည်ဆောက်ပါ။

အနှစ်ချုပ်အနေနဲ့ကတော့ မိမိကိုယ်တိုင်က ကိုယ်ပိုင် brand တစ်ခုဖြစ်တယ်ဆိုတာကို သိရှိစေပြီး ကိုယ့်ရဲ့ brand ကို ပြည့်ဝပြီး အားကောင်းတဲ့ brand တစ်ခု အဖြစ် လက်ခံလာနိုင်အောင် တည်ဆောက်သွားပါလို့ ပြောချင်ပါတယ်။
အချိန်ပေးပြီး ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *