Life Style

How To Reduce Anxiety From Daily Life?

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar မှာ Administrative Assistant အနေနဲ့ တာဝန်ယူလုပ်ကိုင်နေတဲ့ မလဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်မှာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု (Mental Disorder) ဘာကြောင့် ဖြစ်ရလဲ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု ဖြစ်နေလားဆိုတာ ဘယ်လို သိနိုင်မလဲ၊ ဖြစ်လာခဲ့ရင် ဘယ်လို ကောင်းမွန်အောင် ကုသဖြေရှင်းလို့ရမလဲ ဆိုတဲ့အကြောင်းအရာကို မျှဝေပေးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်မက ကျွန်မတို့ရဲ့ နေ့စဥ်ဘဝမှာ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပူပန်သောကတွေမှ ကင်းအောင် ဘယ်လို နေထိုင်ကြမလဲ ဆိုတာကို How To Reduce Anxiety From Daily Life? ဆိုတဲ့ ခေါင်းစဥ်ဖြင့် မျှဝေပေးသွားပါမယ်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း ကျွန်မတို့အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာနေမှသာ စိတ်သွားတိုင်း ကိုယ်ပါပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ဖြတ်သန်း နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ ထိုသို့ ကျန်းမာပျော်ရွှင်စွာ ရှင်သန်ဖြတ်သန်းနေထိုင်နိုင်ဖို့ဆိုရင်လည်း စိတ်သည်က အဓိကပင်ဖြစ်တာမို့ စိတ်လန်းဆန်းကြည်လင်နေဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ စိတ်တွေ ကြည်လင်လန်းဆန်း‌နေဖို့ဆိုရင်လည်း ကျွန်မတို့ တစ်နေတာရဲ့  နေထိုင်မှုပုံစံ၊ တွေးခေါ်မှုပုံစံ၊ လှုပ်ရှားမှုပုံစံ၊ စိတ်ခံစားချက်တွေအပေါ်  များစွာမူတည်နေပါတယ်။ ကျွန်မတို့ရဲ့ တစ်နေ့တာ စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး စသဖြင့် လူနေမှုဘဝမှ ပြုမူလှုပ်ရှားမှုတွေ အဆင်မပြေတဲ့အချိန်၊ အခက်အခဲတွေ ကြုံရတဲ့အချိန်၊ စိတ်အလိုမကျတဲ့အချိန်၊ စိတ်ခံစားချက် မတည်ငြိမ်တဲ့အချိန်၊ မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့အချိန် စသဖြင့် ဒီလို ကျွန်မတို့ ပုံမှန် လက်ခံနိုင်တဲ့အခြေနေမျိုးထက် ပိုနေတဲ့အချိန်မျိုးမှာ မိမိကိုယ်ကို CONTROL မလုပ်နိုင်တော့တဲ့ အချိန်မျိုးမှာ ရင်ဆိုင်ကြုံတွေ့ကြရတာကတော့ Anxiety ဆိုတဲ့ ပူပန်သောကတွေ ဖြစ်လာရတာပါပဲ။ ကျွန်မတို့ ဘာမှ လှုပ်ရှားမှု မရှိနေရင်၊ တွေးခေါ် မှု မရှိနေရင် ဘာခံစားမှုမှ ရှိမှာမဟုတ်တဲ့အတွက် ထိုအချိန်မှာ ဖြစ်လာတဲ့ Anxiety, Stress, Pressure နှင့် Depression တို့ ဆိုတာက လူတိုင်းနှင့် မကင်းတဲ့ ပုံမှန် ဖြစ်စဥ်တစ်ခုပါပဲ။

Anxiety ဆိုတဲ့ ပူပန်မှုမျိုးက  လူတိုင်းမတူညီတဲ့ အခြေအနေမျိုးနဲ့၊ အကြောင်းအရာမျိုးနဲ့ ဖြစ်နေကြပေမယ့် လူတိုင်းတော့ general anxiety (အထွေထွေ ပုံမှန် ပူပန်မှု) ကတော့ ရှိတတ်ကြပါတယ်။ ထို့ကြောင့်  General anxiety (အထွေထွေ ပုံမှန် ပူပန်မှု) ကို အရမ်းကြီး အလွန်အကျွံ ရေရှည်ခံစားနေဖို့ မလိုပါဘူး။ ထိုအခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့ရတဲ့ကာလမှာဆိုရင်လည်း မိမိကိုယ်ကို ဒီပူပန်သောကတွေကြားမှာ tringle လုပ်နေရတဲ့သူတစ်ယောက်ဆိုကြပါစို့။ ကျွန်မတို့က general anxiety (အထွေထွေ ပုံမှန် ပူပန်မှု) တွေကို Control လုပ်ပြီး လျော့နည်းအောင် နေထိုင်နိုင်ဖို့ဆိုရင် ကျွန်မတို့ ပူပန်သောက ဖြစ်နေကြောင်း သိနိုင်တဲ့ အောက်ပါ လက္ခဏာရပ်တွေကို သိထားသင့်ပါတယ်။ ထိုမှသာ ကျွန်မတို့ အနည်းနှင့် အများတော့ ဒီပူပန်သောကတွေကို ထိန်းချုပ်နိုင်လာပါလိမ့်မယ်။

(၁) ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု လက္ခဏာရပ်တွေဖြစ်လာခြင်း

(၂) စိတ်ခံစားမှု feeling, emotion မတည်ငြိမ်ဖြစ်နေခြင်း၊ ခံစားလွယ်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း

(၃) ပုံမှန်အကြောင်းအရာ၊ အခြေအနေမျိုးကိုတောင် အတွေးလွန်နေခြင်း

(၄) အိပ်စက်ဖို့ ခက်ခဲခြင်း၊ အိပ်မပျော်ခြင်း

(၅) ကြောက်ရွံနေခြင်း၊ ယုံကြည်မှုပျောက်ဆုံးနေခြင်း 

Physical ပိုင်းမှာဆိုရင်လည်း ကျွန်မတို့ ပူပန်သောက ဖြစ်နေကြောင်းသိနိုင်တဲ့ လက္ခဏာရပ်တွေကတော့

(၁) Heart Problem (နှလုံးခုန်မြန်လာခြင်း၊ သက်ပြင်းခဏ ခဏ ချမိနေခြင်း )

(၂) Vision Problem (အမြင်အာရုံတွေ ဝေဝါးလာခြင်း)

(၃) Brain Problem (အာရုံစူးစိုက်၍ မရခြင်း) စသဖြင့် လက္ခဏာရပ်တွေဖြစ်လာရင်တော့ ကျွန်မတို့ ပူပန်သောက ဖြစ်နေကြောင်း သိနိုင်ပါတယ်။

General anxiety (အထွေထွေ ပုံမှန် ပူပန်မှု) တွေ Control လုပ်ပြီး လျော့နည်းအောင် နေထိုင်နိုင်ဖို့ဆိုရင် အရင်ဆုံး ကျွန်မတို့ တစ်နေ့တာ နေထိုင်မှုပုံလေးတွေကိုသာ self care လုပ်ပြီး ရေရှည် သတိထား၍ ပြုပြင်လိုက်မည်ဆိုလျှင် general anxiety (အထွေထွေ ပုံမှန် ပူပန်မှု) မှ ကင်းဝေးလာပါလိမ့်မယ်။ ထို့ကြောင့် အောက်ပါ ရှောင်ကျဥ်ရန်၊ လုပ်ဆောင်ရန် နည်းလမ်းတချို့ကို သိထားပါက ထို general anxiety (အထွေထွေ ပုံမှန် ပူပန်မှု)မှ ကင်းဝေးလာမှာပဲ ဖြစ်ပါတယ်။

(၁) ဘာကြောင့်ဒီပူပန်မှု ဖြစ်စေတာလဲ ဆိုတဲ့ ပြဿနာ အရင်းအမြစ်ကိုသိအောင် ရှာဖွေပါ။

(၂) နေ့စဥ် လှုပ်ရှားမှု၊ တွေးခေါ်မှုတွေကို အကောင်းမြင်စိတ်နဲ့ ပြောင်းလဲတွေးတောပါ၊ လုပ်ဆောင်ပါ။

(၃) မိမိကိုယ်ကို self reflection လုပ်ပါ။ အဖြေ ရှာပါ။

(၄) Meditation လုပ်ပါ။ Meditation လုပ်ခြင်းက မိမိစိတ်ကို အဖြေရှာဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်တာကြောင့်ပါ။

(၅) မိမိစိတ်ကို ပူပန်မှု ဖြစ်စေတဲ့နေရာ၊ အကြောင်းအရာ၊ အတွေး၊ လူမှုပတ်ဝန်းကျင်နှင့် ရှောင်ကျဥ်ပါ။

(၆) လက်ရှိအတိုင်းလက်ခံတတ်တဲ့စိတ်ထားရှိပါ။

(၇) အရာရာတိုင်းအပေါ်မှာ လိုက်ပြီး ခံစားနေခြင်း၊ control လုပ်နေခြင်းများကို ရှောင်ကျဥ်ခြင်းများ ပြုလုပ်လိုက်မည်ဆိုလျှင် ကျွန်မတို့ နေ့စဥ်ဘဝမှာ ရင်ဆိုင်ကြုံတွေ့နေကြတဲ့ general anxiety (အထွေထွေ ပုံမှန် ပူပန်မှု)မှ ကင်းဝေးလာမှာပဲ ဖြစ်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပြီး ပူပန်သောကများမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်။

ကျေးဇူးတင်ပါတယ်။

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *