Work Style

Maintenance Group

မင်္ဂလာပါခင်ဗျ။
ဒီတစ်ပတ်မှာတော့ Spiceworks Myanmar မှ ဖွဲ့စည်းထားသည့် Group ၄ ခုထဲမှာမှ Maintenance Group ၏ လုပ်ငန်းဆောင်တာများကို ဝေမျှပေးပါမည်။

ပထမဦးဆုံးအနေနဲ့ရုံးတွင်း Activities များ စီစဉ်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းရမည့် ရုံးတွင်းပစ္စည်းကိရိယာများကို ဖော်ပြပေးပါမည်။
1. PC Repair and Software Error

• Member များမှ Laptop နဲ့ တစ်ခြား Software များဖြစ်သည့်
(Office, Adobe Photoshop, Illustrator etc..) များ Error တစ်ခုခု ရှိလျှင် Maintenance ကိုအကြောင်းကြားပေးရပါမည်။ ထို့နောက် Maintenance မှ System Member များထံသို့ Report တင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် System Member မှ ထို Error ကိုလာရောက်ဖြေရှင်းပေးမည် ဖြစ်ပါသည်။
2. Software Installation

• ရုံးတွင်းလိုအပ်သော Software Installation များကို Maintenance Team မှ Google Drive သို့မဟုတ် Buffalo သို့ တင်ထားပေးရမှာဖြစ်ပါသည်။ Member အသစ်ဝင်လျှင် လိုအပ်သော software များကို System Member ထံ Report တင်ပြီး System Member မှ Install လုပ်ပေးမည်ဖြစ်ပါသည်။ အကယ်၍ Member ဟောင်းမှ မိမိသွင်းလိုသော software သည် အခက်အခဲရှိလျှင် Maintenance Member ကို အကူအညီတောင်းနိုင်ပါသည်။ ထို့နောက် Maintenance မှ System Member သို့ Report တင်ပေးရပါမည်။
3. ISMM

• Maintenance Member များသည် နေ့စဉ်မနက်ရုံးရောက်သည်နှင့်တစ်ပြိုင်နက် ISMM ကို ဖွင့်ပေးရမည်ဖြစ်ပြီး ညနေ ရုံးဆင်းလျှင် ISMM ကို ပိတ်ပေးရမည်ဖြစ်ပါသည်။

• ISMM ၏ လုပ်ဆောင်ချက်ကို HR Blog တွင် အသေးစိတ်ဖော်ပြထားပြီးဖြစ်ပါသည်။ ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

https://spiceworksmyanmar.com/blog/hr-group-activities/

4. Office Stuff Repair, Maintain and Add new

• ရုံးတွင်းရှိ Aircon များ၊ ရေခဲသေတ္တာ၊ အလုပ်စားပွဲများ၊ ထိုင်ခုံများ၊ Printer နှင့် ရုံးတွင်းမီးသီးများ error ရှိနေပါက services ကို ဆက်သွယ်ပြီး ရုံးသို့လာရောက်ပြုပြင်ခြင်း သို့မဟုတ် service center သို့ပို့ပေးခြင်း၊ အသစ်လဲရန် လိုအပ်လျှင် အသစ်လဲပေးခြင်း စသည့်တို့ကို လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။
5. Happiness Chat and Wishes

• Happiness Chat သည် မိမိကို ကူညီပေးခဲ့သော Senior ဖြစ်စေ၊ Junior ဖြစ်စေ၊ ထိုသူတို့အတွက် Monday Morning Meeting မှာ ကျေးဇူးတင်စကားပြောခြင်းဖြစ်ပါသည်။ ထို့နောက် ကိုယ့်ကို ဒီ error အတွက်ကူညီဖြေရှင်းပေးခဲ့သည့်အတွက်ကြောင့် (သို့မဟုတ်) မုန့်တစ်ခုခု လုပ်ကျွေးခဲ့သောကြောင့် စသည့်အားဖြင့် ကျေးဇူးတင်ကြောင်း Note လေးရေးပြီး Happiness Chat Board သို့ သက်ဆိုင်ရာ သူ့နေရာနှင့်သူ ကပ်ပေးရမည်ဖြစ်ပါသည်။
• ထိုသို့ Happiness Chat နှင့် Wishes လုပ်ဆောင်ရခြင်းရည်ရွယ်ချက်မှာ Member အချင်းချင်းတစ်ဦးပေါ်တစ်ဦးအပြန်အလှန်ပိုမိုရင်းနှီးလာစေရန်၊ Communication ပိုကောင်းလာစေရန်၊ တစ်ခါတစ်ရံ ကိုယ်က အလုပ်ရှုပ်နေ၍ ကိုယ့်ကို ကူညီပေးခဲ့သောသူအပေါ် ကျေးဇူးတင်စကားသေသေချာချာ မပြောပြလိုက်ရတဲ့အချိန်မျိုးရှိတဲ့အခါမှာ ကျေးဇူးတင်ကြောင်း Note ထဲတွင်ရေးပြီး ပြောပြနိုင်စေရန် နှင့် မိမိဆန္ဒ နှင့်ပတ်သက်ပြီးလုပ်ချင်သောအရာများ၊ အကြံပေးချင်သော အရာများရှိလျှင် Wish Box ထဲသို့ ထည့်ကာ Request လုပ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

• ထို့အပြင် ၂လ ၁ခါ Happiness Point များကို ရေတွက်ပြီး Point အများဆုံးရရှိသော Member ကို ဆုချီးမြှင့်ပေးသော အစီအစဉ်လည်း ရှိပါသည်။
Point ရေတွက်နည်း
Happiness Note ထဲတွင် Star မပါလျှင် (1 point)
Star 3ခုပါလျှင် (3 points) ဤနည်းဖြင့် point များကို ရေတွက်ပြီး Point အများဆုံးသော Member (သို့မဟုတ်) ကျေးဇူးတင်မှုအများဆုံးရရှိသော Member ကို ဆုချီးမြှင့်ပေးပါသည်။
• ၆လ ၁ခါ Happiness Chat Board Design ပြောင်းပေးရမှာဖြစ်ပါသည်။
• ထို့အပြင် မိမိလိုချင်သောပစ္စည်းတစ်ခုခု သို့မဟုတ် Feedback များရှိပါက Wish box ထဲသို့ ထည့်ပေးနိုင်ပါသည်။
6. Flowers

•  Spiceworks Myanmar ၏ Group လေးခုတွင် (HR, Maintenance, Marketing and Education) ပန်းအိုးတစ်လုံးနှင့် နှင်းဆီပင်တစ်ပင်စီ ရှိကြပါသည်။ မိမိ Group မှ ပန်းပင်များသေမသွားအောင် ဂရုစိုက်ပေးရပါမည်။ အကယ်၍ ပန်းပင်သေသွားလျှင် ထို Group မှ Member များ ငွေစုကာ ပန်းပင် အသစ်ဝယ်ပြီး တစ်ဖန်ပြန်စိုက်ပျိုးပေးရပါမည်။

• Maintenance Group မှ ၆လ ၁ခါ ပန်းပွင့်အရေအတွက် (Point) များကို ရေတွက်ပါမည်။ ထို့နောက် Point အများဆုံးရရှိသော Group ကို General Assembly တွင်ဆုချီးမြှင့်ပေးပါသည်။

• အခုလို သစ်ပင်စိုက်ပျိုးခြင်းကို Activity တစ်ခုအနေနဲ့ ထည့်သွင်းလုပ်ဆောင်ရသောရည်ရွယ်ချက်မှာ ရုံးအတွင်း စိမ်းလန်းစိုပြေစေရန် တစ်ခုတည်းသာမဟုတ်ပဲ သဘာဝကိုချစ်မြတ်နိုးတတ်မှု နှင့် သစ်ပင်စိုက်တတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကို ရရှိစေရန်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် Team တစ်ခုအနေနဲ့ သစ်ပင်အတူတူစိုက်ပျိုးခြင်းအားဖြင့် member တစ်ဦးနဲ့တစ်ဦး ဆက်ဆံ‌ရေး ပိုမိုကောင်းမွန်လာစေပြီး၊ Teamwork ကောင်းမွန်မှုနဲ့ Leadership Skill တို့ကိုပါ ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါသည်။ သစ်ပင်ပန်းပင် တွေကို ပြုစုပျိုးထောင်ခြင်းအားဖြင့် အထိုက်အလျောက် စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးနိုင်မယ်လို့ ယုံကြည်ပါသည်။
7. Working Anniversary Party

• Working Anniversary Party သည် Member အသစ်ဝင်တိုင်း ပထမဦးဆုံးအနေနဲ့ Welcome Party လုပ်ပေးပါသည်။ ထို့နောက် လုပ်သက် (၁) နှစ်ပြည့်လျှင် Anniversary Party စီစဉ်ပေးပါသည်။ Party ကျင်းပရာတွင် Birthday Cake Order ပေးရမှာဖြစ်ပြီး ပျော်စရာ Game တစ်ခုခု ဖန်တီးပေးရပါမည်။
မှတ်ချက်။ ။ ၁ နှစ်ပြည့်သော Member များကို အထက်ဖော်ပြပါ activities များ စီစဉ်ပေးရမည်ဖြစ်ပြီး အကယ်၍ လုပ်သက် (၃၊ ၅၊ ၇) နှစ်ပြည့်လျှင် Special Gift နဲ့ Special Plan လေး စီစဉ်ပေးရမည်ဖြစ်ပါသည်။
8. Farewell Party

• Farewell Party သည် လုပ်သက် ၁နှစ်မပြည့်သော Member က Resigned လုပ်လျှင် Farewell Message Card စီစဉ်ပေးရမည်ဖြစ်ပြီး၊ လုပ်သက် ၁နှစ်နှင့်အထက်ရှိသော Member Farewell အတွက် Message Card နှင့် Special Gift စီစဉ်ပေးရမည်ဖြစ်ပါသည်။
9. Shoe Rack

• Shoe Rack သည် ရုံးခန်းကြမ်းပြင်များ ညစ်ပတ်မှုလျှော့ချစေရန် ရည်ရွယ်၍ ထားရှိခြင်းဖြစ်ပါသည်။ Guest ဖြစ်စေ၊ Member ဖြစ်စေ ရုံးဝင်ပေါက်အဝမှ မိမိဖိနပ်ကို Maintenance Group မှ စီစဉ်ပေးသည့် သေတ္တာများထဲသို့ စနစ်တကျထားပေးပြီး ရုံးတွင်းစီးဖိနပ်နှင့် လဲလှယ်စီးပေးရမည်ဖြစ်ပါသည်။

• Maintenance သည် Member အသစ်ဝင်တိုင်း Shoe Rack နေရာစီစဉ်ပေးရမည်။ Shoe Rack သန့်ရှင်းရေးကို မိမိတို့ နေရာအလိုက် ၁ပတ် ၁ခါ ဖြစ်စေ သန့်ရှင်းရေးလုပ်ပေးရမည်ဖြစ်ပြီး Shoe Rack သန့်ရှင်းရေးအတွက် Maintenance မှ Member များကို မကြာမကြာ Remind လုပ်ပေးရမည်ဖြစ်ပါသည်။ ထို့ပြင် Shoe Rack ထဲမှ မကောင်းသည့်အနံ့အသက် သက်သာစေရန် Maintenance မှ အမွှေးခဲထည့်ပေးရမည်ဖြစ်ပြီး အမွှေးခဲကုန်လျှင် ပြန်လည်ဖြည့်ပေးရမည်ဖြစ်ပါသည်။
10. Toilet Cleaning

• Toilet Cleaning အတွက် Maintenance Group မှ စာရင်းလုပ်ပြီး စီစဉ်ပေးရမည်ဖြစ်ပါသည်။ တစ်ယောက်ကို ၂ရက်နှုန်းဖြင့် အလှည့်ကျ Toilet သန့်ရှင်းရေးလုပ်ပေးရပါမည်။ Toilet မှ အမှိုက်များကို အလှည့်ကျသော Member က ညနေရုံးဆင်းချိန်တိုင်း သတ်မှတ်ထားသော အမှိုက်ပုံးထဲသို့ ပစ်ပေးရမည်ဖြစ်ပါသည်။
မှတ်ချက်။ ။အကယ်၍ Toilet ထဲမှ Tissue သည် နောက်လူအတွက် အသုံးပြုရန် မလုံလောက်တော့လျှင် Tissue သိမ်းဆည်းထားသောနေရာမှ Tissue ကို ယူပြီး ပြန်လည်ဖြည့်ပေးရမည်ဖြစ်ပါသည်။

ဒုတိယအနေဖြင့် New Member အတွက် လုပ်ဆောင်ပေးရမည့် လုပ်ငန်းဆောင်တာ များကို ဝေမျှပေးချင်ပါသည်။
• New Member မဝင်ခင် လိုအပ်သော Installation များကို သွင်းထားပေးရပါမည်။

• Locker, ဖိနပ်ထားရမည့် နေရာ နှင့် Happiness Chat အတွက် လိုအပ်သော ပုံ၊ Thank You Note ကပ်ရမည့် နေရာ သတ်မှတ်ပေးရန် စသည်တို့ကို လုပ်ဆောင်ပေးရပါမည်။

ထို့အပြင် New Member အတွက် Maintenance Rules နှင့်ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်အချက်အလက်များကို ၁ပတ်အတွင်းတွင် Meeting ခေါ်ပြီး ရှင်းလင်းပြောပြပေးရမည်ဖြစ်ပါသည်။
ရှောင်ရန်ဆောင်ရန် အချက်အလက်များသည် အောက်ပါအတိုင်းဖြစ်ပါသည်။
• အပြင်စီးဖိနပ်ကို သတ်မှတ်ထားသည့်နေရာအတိုင်း ထားပေးရန်။
• ရုံးအတွင်း ရုံးတွင်းစီးဖိနပ် အစဉ်အမြဲစီးပေးရန်။
• Toilet ကို မိမိအလှည့်ကျသည့် ရက်အတိုင်း အစဉ်အမြဲ လုပ်ဆောင်ပေးရန်။
• Toilet Tissue ပမာဏသည် မိမိနောက်ဆုံးသုံးပြီး နောက်လူအတွက် အသုံးပြုရန် မလုံလောက်တော့လျှင် အသစ်ပြန်လည် ဖြည့်ပေးရန်။
• Toilet အသုံးပြုပြီးလျှင် နောက်လူအတွက် အဆင်ပြေအောင် စိုနေသော နေရာများအား  Tissue ဖြင့် ရေများကျန်ရှိမနေအောင် သုတ်ပေးခဲ့ရပါမည်။
• မိမိစားပြီး ထမင်းကျန် ဟင်းကျန်များကို ပေးထားသော အိတ်အသေးထဲသို့ သေချာထုတ်ပိုးပြီးမှ အမှိုက်ပုံးထဲသို့ စွန့်ပစ်ပေးရန်။
• မိမိသောက်ပြီးသော ရေသန့်ဗူးခွံ၊ အချိုရည်ဗူးခွံများကို ညက်အောင်ချေပြီး သတ်မှတ်ထားသော ခြင်းတောင်းထဲသို့ စွန့်ပစ်ပေးရန်။
• လုပ်ငန်းချိန်အတွင်း အလုပ်နှင့်မသက်ဆိုင်သော Website များ၊ Social Media များ မသုံးရန် နှင့် Earphone (သို့မဟုတ်) Headphone မသုံးရန်။
• လုပ်ငန်းချိန်အတွင်း မအိပ်ရန် စသည်တို့ဖြစ်ပါသည်။

အချိန်ပေးပြီး Maintenance ၏လုပ်ငန်းဆောင်တာများကိုဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *