Life Style Others Work Style

Making Good Decision

အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar Company မှာ Web Designer အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ ညီညီဇော် ဖြစ်ပါတယ်ခင်ဗျ။ ဒီတစ်ပတ်မှာတော့ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ချက်တစ်ခုချဖို့ ခက်ခဲရာကနေ သိရှိလိုက်ရတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပြုလုပ်ခြင်းဆိုတဲ့ အကြောင်းအရာကို sharing လုပ်ပေးသွားပါမယ်ဗျ။

ကျွန်တော်အရင်တုန်းကဆိုရင် ဆုံးဖြတ်ချက်ချတာ မြန်တဲ့သူ၊ တိကျတဲ့သူလို့ ထင်ပေမယ့် တကယ့် impact ဖြစ်တဲ့အရမ်းအရေးကြီးပြီး သက်‌ရောက်မှုအများကြီးရှိတဲ့ အကြောင်းအရာနဲ့သက်ဆိုင်တဲ့အခါ ဆုံးဖြတ်ချက်တစ်ခုကိုချတာက ဘယ်လောက်‌အရေးကြီးလဲဆိုတာ သိလာရပါတယ်။

ဆုံးဖြတ်ချက်ချတယ်ဆိုတာ နေ့တိုင်းလုပ်ရတဲ့အရာပါ။ ဒီနေ့ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ အင်္ကျီဘယ်‌အရောင်ဝတ်မယ် option တွေတစ်ခုထက်ပိုတဲ့အတွက် ရွေးချယ်ရတဲ့အခါ ဆုံးဖြတ်ချက်ဖြစ်လာတာပါ။ ဆုံးဖြတ်ချက်က ဘာလို့ချတာလဲဆိုရင် လက်ရှိဖြစ်နေ၊ ရှိနေတဲ့အရာထက် ပိုကောင်းချင်လို့ ဆိုရင် အဖြေက လုံလောက်မှာပါ။

ဆုံးဖြတ်ချက်ကို မြန်မြန် ချတဲ့သူနဲ့၊ အချိန်အတော်ကြာစဥ်းစားပြီးမှ ချတဲ့သူဆိုပြီး လူနှစ်မျိုးတွေ့ရပါတယ်။ နှစ်မျိုးစလုံးမှာ ကောင်းတဲ့အရာရှိသလိုဆိုးတာလည်းရှိပါတယ်။
ဘယ်ဟာကအကောင်း၊ ဘယ်ဟာကအဆိုးရယ်လိုဆိုတာထက် အဓိက ‌ကိုယ့်အခြေအနေရယ်၊ ကိုယ့်လက်ရှိဖြစ်နေတဲ့အရာရယ်၊ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ကိုသိရှိပြီး စဉ်းစားဆုံးဖြတ်ချက်ချတာ ကောင်းမယ်ထင်ပါတယ်။

ကျွန်တော်က ဆုံးဖြတ်ချက်ချလိုက်လို့ မှားတယ်၊ မှန်တယ်ဆိုတာထက် နောက်မှ မလုပ်လိုက်ရခြင်းဆိုပြီး နောင်တရမှာကို ပိုစိုးရိမ်ပါတယ်။ တစ်ဖက်မှာလည်း အဲ့ဒီဆုံးဖြတ်ချက်ချလိုက်ရင် ဘာဖြစ်မလဲဆိုတဲ့ အရာတွေ ပြောမယ်ဆိုရင် အဆိုးဆုံးထိတွေးပါတယ်။
ကျွန်တော် ဦးနှောက်တစ်ခုတည်းတွေးတာထက်  ဦးနှောက်အများကြီးနဲ့ မေးမြန်းတွေးတောပါတယ်။ အကူအညီ‌တွေလိုအပ်ရင်လည်း တောင်းရပါတယ်။ ပြောမယ်ဆိုရင် overthinking ဆုံးဖြတ်ချက်ချရတဲ့ကာလက ဖြစ်ပြီး လူတိုင်းအတွက် ခက်ခဲတဲ့ကာလ ဖြစ်ပါတယ်လို့ ထင်ပါတယ်။

ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်သင့်တယ်လို့ ထင်မိပါတယ်။

နေ့စဉ် မိမိစိတ်ကို ဆန်းစစ်ပြီးကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို အလေ့အကျင့်ဖြစ်အောင် နေ့စဉ်ချမှတ်ပါ။ ဥပမာ ဘယ်အင်္ကျီ၊ ဘယ်အရောင်ဝတ်မယ်ဆိုတာကို လူတိုင်းလိုက်မေးစရာမလိုပါဘူး။ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ သတိရှိရှိချပါ။ ကိစ္စသေးသေးလေးကိုပြောတာပါဗျ။ ကိစ္စအကြီးကိုပြောတာမဟုတ်ပါဘူးခင်ဗျ။ အဲ့လိုကိစ္စသေးသေးလေးတွေကို မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချခြင်းဖြင့် ကောင်းမွန်တဲ့အရာ နှစ်ခုရရှိပါတယ်။ ပထမတစ်ခုက အလုပ်တစ်ခုပြီး‌မြောက်ပြီး၊ ဒုတိယတစ်ခုက ယုံကြည်မှုတွေ ပိုတိုးလာပါတယ်။

နောက်တစ်ခုက မိမိချလိုက်တဲ့ ဆုံးဖြတ်ချက် အပေါ်တာဝန်ယူမှု ရှိစေလိုပါတယ်။ ဆုံးဖြတ်ချက်မချခင် အကြိမ်ကြိမ် ဦးနှောက်အများကြီးနဲ့တွေးတယ် suggestion တွေ၊ comment တွေရပေမယ့် တကယ့် ဆုံးဖြတ်ချက်ချတာက မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချလိုက်လို့ ကောင်းတာ၊ ဆိုးတာ ကြုံတွေ့ရလည်း ကိုယ်နဲ့ပဲသက်ဆိုင်တာပါ။ အဲ့ဒါကြောင့် ဆုံးဖြတ်ချက် မချခင် အကြိမ်ကြိမ် အကျိုးအကြောင်း အဆိုးအကောင်းတွေ စဉ်းစားသင့်ပါတယ်။

တတိယတစ်ခုက ရွေးချယ်ပါ။ အပေါ်မှာပြောပြတဲ့ suggestion တွေ comment တွေကို အကျိုးအကြောင်း၊ အကောင်းအဆိုးကို ဆန်းစစ်ပြီး မိမိချရမယ့် ဆုံးဖြတ်ချက်ကိုရွေးချယ်ပါ။ ရွေးချယ်လိုက်တဲ့အခါလည်း false back လုပ်မယ့် plan ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

နောက်ဆုံးတစ်ခုက မေးခွန်းမေးပါ။ ပြီးရင် ဆုံးဖြတ်ချက်ချပါ။
ဒီ ဆုံးဖြတ်ချက်က ဘာကြောင့် ချဖို့လိုအပ်တာလဲ။ မချရင်ရောဖြစ်လား။ ဘယ်ဟာကအရေးကြီးလဲဆိုတဲ့မေးခွန်းတွေ list လုပ်သင့်ပါတယ်။ အဲ့လိုလုပ်ပြီးအဖြေ ထွက်မှ ဆုံးဖြတ်ချက်ကို ရဲရဲကြီးချလိုက်ပါ။ အဲ့လိုဆုံးဖြတ်ချက်ချလိုက်ခြင်းအားဖြင့် ကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမှာပါ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *