Others

Myth about Learning

စာဖတ်သူများအားလုံး မင်္ဂလာပါ။ ကျွန်မကတော့ အိဖြိုးမွန်ပါ။ ဒီတစ်ပတ်မှာ ပြန်လည်ဝေမျှပေးချင်တာကတော့ learning နဲ့ပတ်သက်တဲ့ အယူမှား Myth တွေ ဘာတွေရှိမလည်း ဆိုတာ အနည်းငယ် ပြောပြပေးသွားပါမယ်။
လူအားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သင်ပြသူတွေရော သင်ယူသူတွေပါ ဖြစ်ကြတယ်။ မိဘအဖြစ်လည်း သားသမီးကို သင်ရတယ်။ ညီအစ်ကို မောင်နှမ၊ ဦးရီး အဒေါ်၊ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးတိုင်းမှာ သင်ပြမှုနဲ့ သင်ယူမှုဟာ တွဲရက် တည်ရှိနေကြပါတယ်။
ဆရာတွေမှာပဲ သင်ကြားရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိတယ်။ ကျောင်းတက်မှ ပညာသင်လို့ရတယ်ဆိုတဲ့ အမြင်ဟာ ကျဥ်းမြောင်းလွန်းလှတယ်။ ခေတ်အဆက်ဆက် ပညာရေး စနစ်မျိုးစုံနဲ့ သင်ယူကြ သင်ကြားကြခဲ့ပေမယ့် ကျွန်မတို့အားလုံးဟာ သူတစ်ပါးကိုလည်း သင်ပြနေကြရသလို ကိုယ်တိုင်လည်း မသေမချင်း သင်ယူနေကြရသူတွေဆိုတာကို မမေ့လျော့ကြဖို့ အရေးကြီးပါတယ်။
သင်ယူခြင်းနဲ့ သင်ကြားခြင်းဟာ အတူဒွန်တွဲနေကြတယ်။ သင်ယူမှုမရှိပဲ သင်ကြားသူတစ်ယောက် ဖြစ်မလာနိုင်သလို၊ သင်ကြားမှုရဲ့ ရည်ရွယ်ချက်ကလည်း ဘဝတစ်လျောက် ဆက်လက်သင်ယူသူတွေ၊ တစ်ဖန်ပြန်သင်ကြားပေးနိုင်သူတွေ ဖြစ်လာဖို့က ပင်မ ရည်ရွယ်ချက်ဖြစ်တယ်။ ဒီနေရာမှာ သင်ယူခြင်း သင်ကြားခြင်းဆိုတာကို ကျောင်းတွေ သင်တန်းတွေ ကျူရှင်တွေ ဖွင့်တာမျိုးဆိုပြီး ကွက်ကွက်လေး မမြင်ဖို့ အရေးကြီးလှတယ်။ လက်တွေ့မှာ သင်ကြားခြင်းနဲ့ သင်ယူခြင်းဟာ informally စာသင်တဲ့ပုံစံမဟုတ်ပဲ ဖြစ်ပျက်နေတာများပါတယ်။ ဒါ့ကြောင့် ဆရာတစ်ယောက်အနေနဲ့ သင်ကြားခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ့် တပည့်ကို သူ့ဟာသူ ဆက်လက်သင်ယူတတ်ဖို့ self learner ဖြစ်ဖို့ လမ်းခင်းပေးခြင်းလို့ ဆိုရပါမယ်။
ဒီနေ့ခေတ်လောက် ဘယ်ခေတ်မှာမှ ကိုယ့်ဟာကိုယ် သင်ယူဖို့ resource ပေါများတာမျိုး မရှိဖူးပါဘူး။ ကိုယ်တိုင် သင်ယူလေ့လာတတ်သူတွေအတွက်လည်း ဒီနေ့ခေတ်လောက် အခွင့်အရေးပေါများတာ မရှိပါဘူး။ ဒါပေမယ့် ပြဿနာက learning process ကိုယ်တိုင်က cumulative ဖြစ်နေတာပါ။ ကျွန်မတို့ဟာ ကျွန်မတို့မှာ ရှိပြီးသား knowledge အပေါ်အခြေခံပြီး learning ဟာ ပိုလွယ်ကူ ကြတာမျိုးဖြစ်တယ်။ ဒီတစ်ခါ knowledge level တစ်ခု ရောက်နေသူ တွေအတွက် self learning ဟာ အင်မတန်မှ လွယ်ကူတာတွေ့ရပါလိမ့်မယ်။ အဲ့လို level မရောက်သေးခင် လေ့လာရခြင်းဟာ အခက်အခဲများစွာ ရှိတယ်။ Learning နဲ့ ပတ်သက်လာရင် ကျွန်မတို့မှာ အထင်အမြင် မှားနေတာတွေ များစွာ ရှိနေကြပြန်တယ်။

Learning ဆိုတာ အသိပညာအသစ် နည်းအသစ်တွေကို ရယူခြင်းဖြစ်တယ်။ သင်ယူခြင်းဟာ အင်မတန်မှ ရှုပ်ထွေးတယ်။ သင်ယူခြင်းနဲ့ပတ်သက်လာရင် သိထားသမျှဟာ အမှန်နည်းနည်း အမှားများများ ဖြစ်နေတတ်တယ်။ လောကမှာ လူတိုင်းဟာ သင်ယူနေသူတွေ ဖြစ်ကြသလို ဆရာ၊ ဆရာမ သင်တန်းနည်းပြတွေ အလွန်များပေမယ့် learning ကို နက်နက်ရှိုင်းရှိုင်း လေ့လာ နားလည်ထားကြသူတွေ အတော်နည်းနေကြပါတယ်။ သင်ယူခြင်းနဲ့ ပတ်သက်လာရင် ကျွန်မတို့သိထားတဲ့ concepts တွေဟာ သင်ယူခြင်း နဲ့ သက်ဆိုင်ကောင်း သက်ဆိုင်သော်လည်း Learning process ကို အတိအကျ နားလည်ဖို့ ခက်ခဲနေသေးတာမျိုး ဖြစ်နိုင်တယ်။ ဥပမာ memory တို့ development တို့လိုမျိုး ဖြစ်ပါတယ်။ ဒါကြောင့် learning နဲ့ပတ်သက်တဲ့ အယူမှား Myth တွေ ဘာတွေရှိမလည်းဆိုတာ ပြောပြပေးသွားပါမယ်။
Myth 1: Learning is aware and purposeful.
ကျွန်မတို့ တော်တော်များများဟာ ကိုယ်တိုင် သိထားသမျှနှင့် သင်ယူမိထားတာတွေကို သိလို့သိမှန်းတောင် မသိကြပါဘူး။ Learning လုပ်ထားသမျှရဲ့ (30) ရာခိုင်နှုန်းလောက်ကိုပဲ consciously learn လုပ်ထားတာဖြစ်ပြီး အခြား (70) ရာခိုင်နှုန်းကို ဘယ်လိုသင်ယူထားမှန်းမသိသလို၊ ဘာတွေ သင်ယူထားမှန်းလည်း မသိကြပါဘူး။ ကျွန်မတို့ရဲ့ learning က တစ်ချိန်လုံး ဖြစ်ပျက်နေသလို သိစိတ်ပြင်ပမှာ learn လုပ်နေကြတာပဲ ဖြစ်ပါတယ်။
Myth 2: Intelligent people already know how to maximize learning.
ဥာဏ်ကောင်းသူတွေက ဘယ်လို ထိထိရောက်ရောက် သင်ယူရမယ်ကို တန်းသိတယ်ဆိုတာ မမှန်ကန်ပါဘူး။ သင်ယူမှုတိုင်းဟာ တကူးတကရည်ရွယ်ပြီး သင်ယူတယ် တစ်နည်းအားဖြင့် Aware ဖြစ်တယ်လို့ ထင်နေတဲ့ အယူအဆအမှားတွေကြောင့် ဘယ်လိုသင်ယူရမလဲဆိုတာ သိတယ်လို့ ထင်နေတတ်ကြပေမယ့် လက်တွေ့ သုတေသနတွေအရ ideal မဟုတ်တဲ့ strategies တွေနဲ့ပဲ လေ့လာနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Myth 3: When learning is going well- when we are learning – we feel confident, successful and clear.
Learning process ဟာ ထင်သလောက် မရိုးရှင်းပါဘူး။ အသိပညာအသစ် နည်းလမ်းအသစ်တိုးလာဖို့ဆိုရင် သင်ယူနေချိန်တစ်လျောက်မှာ ဝေဝေဝါးဝါးဖြစ်တာ ဝေဝေဝါးဝါးဖြစ်တာ၊ မရှင်းလင်းတာ၊ စိတ်ပျက်တာ၊ အဖြေမရတာ၊ မသေချာတာ တွေနဲ့လည်း ပြည့်နှက်နေတတ်ပါတယ်။ အဲ့ဒီလို ဖြစ်ခြင်းဟာ သင်ယူခြင်း နောက်တစ်ဆင့်ကို သွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါပြော ဒါသိခြင်းကိုပဲ learning လို့ မထင်သင့်ပါဘူး။
Myth 4: Emotion is a problem for rationality, and therefore, getting emotional messes up learning.
စိတ်ခံစားချက်များရင် ကျိုးကြောင်း ဆင်ခြင်နိုင်မှုလျော့မယ်၊ သင်ယူမှု ကျလာမယ်ဆိုတာ အလုံးစုံ မမှန်ပါဘူး။ အတိအကျ ပြောရရင် စိတ်ခံစားချက် ပြင်းလာတဲ့အခါ အကျယ် ဖြန့်ကြည့်တာထက် သူ Focus လုပ်ထားတဲ့ အရာကို ပိုအာရုံ စူးစိုက်မိတာမျိုးဆို ပိုမှန်ပါလိမ့်မယ်။ ဒေါသထွက်တဲ့အချိန် ကျွန်မတို့ကို ဒေါသထွက်စေတဲ့ ကိစ္စတွေဆို ပိုပြီး စေ့စေ့ ကြည့်မိသလိုပေါ့။ မတူညီတဲ့ အခြေအနေနဲ့ မတူညီတဲ့ သင်ယူမှုတွေက ကျွန်မတို့ရဲ့ focus ကို ပုံဖော်ပေးပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်တွေဟာ သင်ယူမှုကို အထောက်အကူ ပေးတာလည်း ရှိသလို၊ နှောင့်နှေးစေတာလည်း ရှိပါတယ်။ အဓိကကတော့ ဘယ်လို ခံစားချက်လည်း ဆိုတဲ့အပေါ် မူတည်ပါတယ်။
Myth 5: If someone doesn’t find something interesting, he or she won’t or cannot learn it.
စိတ်မဝင်စားရင် သင်ယူဖို့ မဖြစ်နိုင်ဘူး။ စိတ်ဝင်စားစရာ ကောင်းမှ သင်ယူနိုင်မယ် ဆိုတာဟာ မမှန်ပါဘူး။ စိတ်ဝင်စားရင် သင်ယူရလွယ်တာ အမှန်ပါ။ ဒါပေမယ့် စိတ်ဝင်စားလာအောင် လုပ်နည်းများစွာ ရှိနေပါသေးတယ်။ အခြေခံ သေချာသင်ယူတာဟာ အရာရာကို ပိုစိတ်ဝင်စား လာစေတယ် ဆိုတာကသာ အမှန်ဖြစ်ပါတယ်။ ဆိုတော့ စိတ်ဝင်စားမှ လေ့လာမှာပေါ့ ဆိုတာထက် စိတ်ဝင်စားလာအောင် အရင်လေ့လာခြင်းကသာ အမှန်ဖြစ်တယ်။ လေ့လာခြင်းက စိတ်ဝင်စားမှုကို ဖြစ်စေတာမို့ အစပိုင်းလေ့လာမှု အနည်းငယ်နဲ့ ရပ်လိုက်သူတွေဟာ ဘယ်တော့မှ မလေ့လာ ဖြစ်တော့တာမျိုးကို ဖြစ်လာစေပါတယ်။
Myth 6: people learn from getting rewards and punishment
လူတွေဟာ တစ်စုံတစ်ရာလိုချင်မှ သင်ယူတယ်။ မသင်ယူရင် ရလာမယ့် ဆိုးကျိုးတွေကို ကြောက်လို့ သင်ယူတယ်ဆိုတာ အလုံးစုံမမှန်ပါဘူး။ လူတွေနဲ့ တိရိစ္ဆာန်တွေဟာ သူတို့ပတ်ဝန်းကျင်နဲ့ အရာအားလုံးကို စူးစမ်းလေ့လာလိုခြင်းကြောင့် သင်ယူကြတာမျိုး ဖြစ်ပါတယ်။ ဥပမာ ငယ်စဉ်က လမ်းလျှောက်တတ်ဖို့ ကြိုးစားချိန်မှာ ခဏခဏ ပြုတ်ကျလို့ နာကျင်ပေမယ့် ကလေးငယ်ဟာ လမ်းလျှောက်ဖို့ သင်ယူခြင်းကို ရပ်မသွားခဲ့ပါဘူး။ မုန့်ကျွေးပြီး ခွေးလေးတွေကို အထိုင်သင်တဲ့အခါ မုန့်ကြောင့်ထိုင်တာထက် ထိုင်တာကို သင်ယူလိုက်တဲ့ ခွေးလေးဟာ မုန့်ပေးလိုက်ရင် သူကျွမ်းကျင်သွားတာကို လုပ်ပြတာသာ ဖြစ်ပါတယ်။
Myth 7: Intelligent people learn easier and smarter than others.
ဉာဏ်ကောင်းတဲ့သူတွေက ပိုလွယ်လွယ်သင်ယူနိုင်တယ်။ ပိုမြန်မြန် သင်ယူနိုင်တယ်လို့ ထင်ကြပါတယ်။ IQ မြင့်ရင် ပိုလွယ်လွယ် သင်ယူနိုင်တယ် ဆိုတာထက် သင်ယူမှုများလို့သာ IQ မြင့်နေတာ ပိုဖြစ်နိုင်ပါတယ်။
Myth 8: Learning is like opening your brain and staffing with knowledge.
Learning ဟာ passively ထည့်ပေးရတဲ့ process မဟုတ်ပါဘူး။ သူတစ်ပါး သင်မှတတ်မယ် ထင်နေတာလည်း မမှန်ပါဘူး။ အထူးသဖြင့် မြန်မာမိဘတွေ anxiety ရနေသလို သူများကလေးသိတာ တတ်တာတွေ ကိုယ့်ကလေး မသိသေး မတတ်သေးရင် ငါမသင်ပေးရသေးလို့ဆိုတဲ့ ခံစားချက်က မှားယွင်းပါတယ်။ တကယ်က ကိုယ့်ကလေး မသင်ပေးရသေးဘူးဆိုတဲ့ အမြင်ထက် ကိုယ့်ကလေး သင်ယူနိုင်မယ့် အခြေအနေ ပတ်ဝန်းကျင်ထဲ မရောက်သေးတာသာ ဖြစ်တယ်။ ဒါ့ကြောင့် အရာရာ ကလေးကို တစ်ယောက်ယောက်က သင်ပေးနေရမယ်လို့ တွေးနေတာဟာ မမှန်ပါဘူး။
Myth 9: People of all ages learn the same way. learning is learning.
အသက်အရွယ်ပေါ် မူတည်ပြီး learning လုပ်ပုံနဲ့ လုပ်နိုင်စွမ်း မတူကြပါဘူး။ ဥပမာ ကလေးပိစိလေးတွေဟာ ဘာသာစကားနဲ့ အခြားအရာတွေကို absorb လုပ်နိုင်စွမ်း အားကောင်းကြပေမယ့် critical thinking ကိုတော့ ရဖို့ခက်နေသေးတယ်။ Critical thinking အတွက်ဆို ရှိရင်းစွဲ အသိပညာ၊ အတွေ့အကြုံတွေ လိုအပ်တာကြောင့် ကလေးတွေမှာ critical thinking ကောင်းကောင်းလုပ်ဖို့ ဘဝအတွေ့အကြုံနဲ့ အသိပညာ နည်းနေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Myth 10: you can’t teach an old dog new tricks.
အသက်ကြီးလာရင် ကလေးတွေလောက် အသစ်တွေကို သင်ယူရာမှာ မမြန်နိုင်သော်လည်း လုံးဝ သင်ယူ ရခက်လာတာတော့ မဟုတ်ပါဘူး။ အသက်အရွယ် ရလာတဲ့အခါ သင်ယူပုံနဲ့ စိတ်ဝင်စားမှုတွေ ပြောင်းလာတာကြောင့်သာ လူငယ်တွေနဲ့ သက်ကြီးအရွယ်တွေ သင်ယူပုံ ကွာခြားတာမျိုး ရှိနိုင်ပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ အသက်ကြီးသူတွေဟာ သင်ယူနိုင်ကြပါတယ်။ ဒါ့ကြောင့် တစ်ခုခုကို စသင်ယူဖို့ အိုမင်းလွန်းတယ် ဆိုတာ မရှိဘူးလို့ ဆိုရပါမယ်။
ဒီအကြောင်းအရာလေးကိုတော့ Learn with Mar Oo page ကနေတစ်ဆင့် ပြန်လည်ဝေမျှပေးခြင်း ဖြစ်ပါတယ်။ ယခုဆိုရင် learning နဲ့ပတ်သက်တဲ့ အယူမှား Myth တွေကို သတိပြုမိပြီလို့ ထင်ပါတယ်။ အားလုံးပဲ အေးချမ်း‌သောနေ့ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *