Design

Natural Color Palettes

အားလုံးပဲ မင်္ဂလာပါရှင့်။
ညီမကတော့ Spiceworks Myanmar Company တွင် Web Designer အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မဇင်နုထွေး ဖြစ်ပါတယ်ရှင့်။
ဒီနေ့မှာတော့ မျှဝေပေးချင်တဲ့ အကြောင်းအရာလေး မစခင်မှာ မေးခွန်းလေးတစ်ခုနဲ့ အရင် စချင်ပါတယ်။
အဲ့ဒီမေးခွန်းလေးကတော့ “ညီမတို့ နေ့စဉ်ဘဝရဲ့ မြင်ဖူးသမျှတွေထဲက အလှပဆုံးအရာက ဘာလဲ။” ဆိုတဲ့ မေးခွန်းလေး ဖြစ်ပါတယ်။
ညီမအနေနဲ့ ဒီအကြောင်းအရာလေးကို မျှဝေဖို့ မဖြစ်လာချင်မှာ ဒီမေးခွန်းလေးကို အရင်စဉ်းစားမိခဲ့ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း တွေးမိခဲ့ပါတယ်။
အဲ့ဒီအတွက် ညီမလိုပဲ ဒီ blog လေးကို ဖတ်မိတဲ့သူတိုင်း ဒီမေးခွန်းလေးကို အရင် တွေးကြည့်စေချင်ပါတယ်။
လူအမျိုးမျိုးရှိကြတာ ဖြစ်တဲ့အတွက် နှစ်သက်သဘောကျကြတာတွေတော့ တူညီကြမှာ မဟုတ်ပါဘူး။ ကွဲပြားခြားနားနိုင်ပါတယ်။
ညီမအတွက်ကတော့ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် သဘာဝ (Nature) ပဲ ဖြစ်ပါတယ်။ သဘာဝလို့ ပြောလိုက်ရင် ပင်လယ်သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေ၊ တောင်တန်းတွေ၊ မြက်ခင်းပြင်တွေ၊ ပန်းပွင့်တွေ၊ တိရစ္ဆာန်တွေ အစရှိသဖြင့်ပေါ့။
ကမ္ဘာပေါ်မှာ လူသားတို့ ဖန်တီးထားသမျှတွေထက် ပိုပြီး ထိတ်လန့်တုန်လှုပ်အံ့သြဖွယ်ကောင်းတဲ့ ရှုခင်းတွေ များစွာရှိကြပါတယ်။ လူတွေကို ကောင်းမွန်တဲ့စိတ်ကူးတွေ ပေးနိုင်မယ့် ကြီးကျယ်ခမ်းနားတဲ့ နေရာတွေ၊ အနုပညာလက်ရာတွေနဲ့ ဒီဇိုင်းဖန်တီးမှုတွေလည်း များစွာရှိပါတယ်။ သို့သော် သမိုင်းတစ်လျှောက် အကောင်းဆုံး အနုပညာဖန်တီးသူတွေက သဘာဝတရားကို ကြည့်ရှုခဲ့ကြပြီး ပန်းချီ၊ ပန်းပု အစရှိသော အရာများအထိ ၎င်းတိုရဲ့ အနုပညာလက်ရာများအတွက် အကောင်းဆုံး အရောင်တွေကို ဖန်တီးခဲ့ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် ဒီနေ့မှာတော့ သဘာဝကနေ  ကြည့်ရှု‌လေ့လာပြီး အရောင်များကို ဘယ်လို ယှဉ်တွဲအသုံးပြုဖန်တီးကြမလဲဆိုတဲ့ အကြောင်းအရာလေးကို ညီမအနေနဲ့ နားလည်သလောက် ပြန်လည် မျှဝေပေးသွားပါမယ်။
အရမ်းကောင်းမွန်လှပတဲ့ အရောင်များစွာ ရှိကြပါတယ်။ ဒါပေမယ့် ပေါင်းစပ်မှုတွေက ဟန်ချက်မညီ ဖြစ်စေတာလည်း ရှိစေပါတယ်။ တစ်ခါတလေ ဒီဇိုင်းရေးဆွဲတဲ့အခါ အရောင်တွေ သတ်မှတ်ထားခဲ့ပေမဲ့ ပေါင်းစပ်မှုအသစ်တွေကို အသုံးပြုဖန်တီးတာကလည်း အကျိုးရှိစေပါတယ်။ ပန်းတွေ၊ ငှက်တွေ၊ ကောင်းကင် အစရှိတဲ့ သဘာဝက ပေးစွမ်းထားတဲ့ အရောင်တွေကို လေ့လာပြီး ညီမတို့ရဲ့ ဒီဇိုင်းကို ဖန်တီးမယ်ဆိုရင် သဘာဝကျကျနဲ့ ဆွဲဆောင်မှုရှိပြီး လှပစေပါတယ်။ လူတိုင်းအတွက်လည်း သဘာဝက ကောင်းမွန်တဲ့ အရောင်ပေါင်းစပ်မှုတွေကို ရှာဖွေဖန်တီးနိုင်စေဖို့ ပိုပြီးလွယ်ကူစေတယ်လို့ ထင်ပါတယ်။
‘Nature’s Palette’ ဆိုတာ သဘာဝကမ္ဘာက ပေးထားတဲ့ Color Reference System တစ်ခုဖြစ်ပါတယ်။
ယနေ့ မျက်မှောက်ကာလမှာလည်း painters, designers, photographers နဲ့ illustrators တွေက ၎င်းတို့ရဲ့ ဒီဇိုင်းတွေ၊ color palettes တွေနဲ့ အခြားသော ဖန်တီးမှုတွေမှာ သဘာဝကို အရင်းအမြစ်အဖြစ် အသုံးပြုခဲ့ကြပါတယ်။

Material Design Palette
တကယ့်ကို အရည်အချင်းရှိတဲ့ လူတွေက ဖန်တီးခဲ့တာပါ။ ကောင်းမွန်သော ပုံစံများ၊ ပုံသဏ္ဍာန်များဖြင့် ညီမတို့အတွက် များစွာ အဆင်ပြေ အသုံးဝင်စေပါတယ်။


ပုံတွင်ဖော်ပြပေးထားတဲ့ palette တွေက ကြည့်ကောင်းပေမယ့် တစ်ခါတလေ ဒီအရောင်တွေကို တွဲပြီးအသုံးပြုဖို့ ခက်ခဲပါတယ်။ အရောင်အားလုံးက တောက်ပနေတာကြောင့် ဒီဇိုင်းအတွက် material palette ကိုအသုံးပြုရန်မှာ အလွန်ခက်ခဲပါတယ်။ အဲ့ဒီအတွက် nature palette ကို အသုံးပြုပြီး ဖန်တီးဖို့အတွက် အကြံပေးချင်ပါတယ်။

Basic Colors
သက်တန့်မှာ အရောင် (၇) ရောင်ပါရှိတာကို လူတိုင်း သိနေပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒီအရောင်တွေက ဘယ်အရောင်တွေနဲ့ ယှဉ်တွဲအသုံးပြုဖို့ရန် လိုက်ဖက်မလဲ ဆိုတာက ညီမတို့အတွက် စဉ်းစားစရာ မေးခွန်းအနေနဲ့ ရှိလာနိုင်ပါတယ်။ အရောင်အများစုနဲ့ ပေါင်းစပ်ထားတဲ့ အစိမ်းရောင်ကို သင်သိမယ်ထင်ပါတယ်။ ပန်းများကို ဥပမာအနေနဲ့ ကြည့်ရင် အဝါရောင်၊ အနီရောင်၊ ခရမ်းရောင်၊ အပြာရောင် ပန်းပွင့်များ စသည်ဖြင့် အရောင်စုံရှိကြပြီး အရွက်တွေကတော့ အများစု အစိမ်းရောင်ရှိကြတဲ့အတွက် လူတွေရဲ့ အမြင်မှာ အစိမ်းရောင်က ဘယ်အရောင်နဲ့ဖြစ်ဖြစ် ကြည့်ရ အဆင်ပြေနေမှာ ဖြစ်ပါတယ်။

ပင်လယ်ရဲ့ နေဝင်ချိန်က ဘယ်လောက် လှပတယ်ဆိုတာ လူတိုင်း ခံစားမိမှာပါ။ သဘာဝကို အနီးကပ်ကြည့်ရှုပြီး အံ့သြစရာကောင်းတဲ့ အရောင်ပေါင်းစပ်မှုများစွာကို တွေ့ရပါလိမ့်မယ်။

Pastel Colors
ယနေ့ခေတ်ရေစီးကြောင်းအရ တောက်ပတဲ့အရောင်တွေကို အသုံးပြုများပြီး ဒီဇိုင်းဖန်တီးကြပေမယ့် pastel အရောင်တွေက မမေ့ထားသင့်တဲ့ အရောင်တွေလည်း ဖြစ်ပါတယ်။ အရောင်လို့ ပြောလိုက်ရင် အမြဲတမ်းတော့ သန့်ရှင်းတောက်ပနေမှာတော့ မဟုတ်ပါဘူး။ တည်ငြိမ်ပြီး သဘာဝဆန်တဲ့ အရောင်တွေကို အသုံးပြုပြီးလည်း ဖန်တီးလို့ရပါတယ်။

Combinations of Colors
ငှက်တွေ၊ လိပ်ပြာတွေ၊ ပန်းပွင့်တွေရဲ့ ပုံတွေကို ကြည့်ရှုရာမှာ မယုံနိုင်လောက်အောင် လှပတဲ့ အရောင်တွေ ပေါင်းစပ်ထားတာကို မြင်တွေ့ရမှာပါ။ အားလုံးက တကယ်ကို ထူးခြားလွန်းပါတယ်။ အရောင်တွေကို သဘာဝရဲ့ လမ်းညွှန်းဖော်ပြပေးထားချက်တွေ လေ့လာပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇိုင်းတွေကို ဖန်တီးမယ်ဆိုရင် အမှန်တကယ် လှပတဲ့အရာအဖြစ် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ အရောင်ပေါင်းစပ်မှုကလည်း ဒီဇိုင်းတစ်ခု သို့မဟုတ် ထုတ်ကုန်တစ်ခုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။ ထိုထူးခြားမှုကလည်း လူတွေရဲ့ အမြင်မှာ အမှတ်တရနဲ့ ရှိနေစေမှာလည်း ဖြစ်ပါတယ်။

ဒါတွေကတော့ သဘာဝကို လေ့လာပြီး ကောင်းမွန်တဲ့ အရောင်ပေါင်းစပ်မှုတွေကို ဘယ်လိုဖန်တီးလို့ရနိုင်မလဲ ဆိုတဲ့  စိတ်ကူးလေးတွေပဲ ဖြစ်ပါတယ်။
ဒီ blog ကို ဖတ်ရှုလိုက်ရပြီး မိမိအတွက် တစ်စုံတစ်ခု အနေနဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်ကောင်းလေး တစ်ခုရမယ်လို့လည်း မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှု‌ပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်။
အရောင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ ဆက်ပြီး ဖတ်ရှု‌ချင်တယ်ဆိုရင် ဒီ link တွေမှာ လေ့လာလို့ ရပါတယ်။ ကျေးဇူးတင်ပါတယ်။
https://spiceworksmyanmar.com/blog/tasting-of-color-theory/
https://spiceworksmyanmar.com/blog/meaning-of-colors/

Hello

Leave a Reply

Your email address will not be published. Required fields are marked *