Coding System

GITHUB

မင်္ဂလာပါ။ ညီမကတော့ Spiceworks Myanmar company မှာ Web Designer အဖြစ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မကေသီထွန်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ GitHub အကြောင်းကို ညီမသိသလောက် sharing လုပ်ပေးချင်ပါတယ်။

GitHub ဆိုတာဘာလဲ။

GitHub ကို February 2008 မှာ Chris Wanstrath, PJ Hyett, Tom Preston-Werner နှင့် Scott Chacon တို့ကနေ Ruby on Rails ကိုသုံးပြီး စတင် developed လုပ်ခဲ့ပါတယ်။ Git Hub ကိုသုံးခြင်းအားဖြင့် project တစ်ခုကို တစ်ခြားသူများနဲ့ အတူတူ အလုပ်လုပ်နိုင်ပါတယ်။
Git Hub ကို အသုံးပြုရန် အတွက် အောက်ဖော်ပြပါ အချက်တွေကို သိဖို့လိုအပ်ပါတယ်။

    1. Repositories
    2. Branches
    3. Commits
    4. Pull Requests

တို့ဖြစ်ပါတယ်။

1. Respositories ဆိုတာဘာလဲ?

Respositories ကို develop လုပ်ထားတဲ့ project တွေ သိမ်းရန်အတွက် အသုံးပြုပါတယ်။ Respositories ထဲမှာ html, css, docucments, readme file တွေ အစရှိသည့် project နဲ့ ပတ်သတ်ပြီး ရှင်းပြတဲ့ file တွေပါဝင်ပါတယ်။

2. Branches ဆိုတာဘာလဲ?

Git Hub မှာ master branch ဆိုပြီး default အနေနဲ့ တစ်ခုပါရှိပါတယ်။ project တစ်ခုမှာ ကိုယ်ပြင်လိုက်တဲ့ Project ဖိုင်တွေကို branch အသစ်တစ်ခု ခွဲ၍လည်း တင်လို့ရပါတယ်။ ကိုယ်ပြင်လိုက်တဲ့ Project ဖိုင်တွေကို main branch မှာပါ ပြောင်းချင်တယ်ဆိုရင် pulled, merge နှင့် update တို့ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။

3. Commits ဆိုတာဘာလဲ?

Commit ဆိုတာ Git Hub မှာ ပြင်လိုက်တဲ့ file တွေကို မတင်ခင် အရင် commit လုပ်ရပါတယ်။ ကိုယ်ပြင်လိုက်တဲ့ဖိုင်တွေအတွက် commit လုပ်မယ်ဆိုရင် တစ်ခုချင်းစီအတွက် description တွေ ထည့်ပေးလို့ရပါတယ်။

4. Pull Requests ဆိုတာဘာလဲ?

Git Hub မှာ Project တစ်ခုအတွက် Git Hub ကို သုံးပြီး ပြောင်းလဲ ထားတဲ့အရာတွေကို main branch မှာ ပြန်ပြီး ပေါင်းစည်းဖို့အတွက် Pull Requests ကအရမ်းကို အရေးကြီးပါတယ်။

ပထမဆုံးအနေဖြင့် Git Hub ကို အသုံးပြုရန် အတွက် အောက်ဖော်ပြပါ အချက်(၂) ချက်လိုအပ်ပါတယ်။
1. To create github accont( https://github.com/ )
2. To install github desktop( https://desktop.github.com/ )
အကောင့်နှင့် Install လုပ်ပြီးပြီဆိုရင် အောက်ဖော်ပြပါ References မှ video ကိုကြည့်ပြီး Git Hub ပေါ်မှာ project တင်နည်းကို စမ်းကြည့်လို့ရပါတယ်ရှင့်။
https://www.theserverside.com/video/Test-Git-command-basics-on-the-GitHub-Desktop-app

တခြား Git Hub နှင့်ဆိုင်သော အကြောင်းအရာတွေကို ဆက်လေ့လာချင်တယ်ဆိုရင် အောက်မှာ ပေးထားသော Reference link များမှ တစ်ဆင့် ထပ်ပြီး လေ့လာနိုင်ပါတယ်။
https://product.hubspot.com/blog/git-and-github-tutorial-for-beginners
https://en.wikipedia.org/wiki/GitHub
https://www.w3schools.com/whatis/whatis_github.asp
https://www.quora.com/What-is-GitHub-for-a-beginner-and-how-do-I-get-started-with-it
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *