System

How to transition from Academic to Industry

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ System Developer အောင်ညီသစ် ဖြစ်ပါတယ်ခင်ဗျ။ ဒီတစ်ခါ sharing လုပ်ပေးချင်တာကတော့ ဘွဲ့ရတော့မယ့် ကျောင်းသူ၊ ကျောင်းသားများနှင့် လုပ်ငန်းခွင်ဝင်ရောက်တော့မယ့် လူငယ်လူရွယ်တွေအနေဖြင့် ရှိသင့်ရှိထိုက်တဲ့ personal skill တွေ၊ professional skill တွေနဲ့ သိထားသင့်တဲ့အကြောင်းအရာများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

‌ကျွန်တော်တို့တွေ ကျောင်းတွေပြီးလို့ အလုပ်တွေရှာကြတဲ့အခါ မိမိသက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်ကြသော်လည်း လုပ်ငန်းအတွေ့အကြုံမရှိ‌သေးလို့ အလုပ်ရှာလို့မရဖြစ်နေတတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့ လုပ်ငန်းခွင်ကို professional တစ်ယောက်အနေနဲ့ ဝင်ရောက်မလုပ်ကိုင်သေးဘဲ On-the-job training (OJT) လို Internship program တွေကိုဝင် join သင့်ပါတယ်။ အဲ့ဒီလို internship program တွေကနေ လုပ်ငန်းအတွေ့အကြုံတွေ၊ အလုပ်သဘောတရားတွေနဲ့ ကိုယ်လုပ်ရမယ့် လုပ်ငန်းအပေါ်မှာ professional တစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ personal skill တွေ၊ professional skill တွေကိုသိလာပြီး လိုအပ်တာတွေကို ထပ်လေ့လာဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မိမိအသက်မွေးဝမ်းကြောင်းနယ်ပယ်မှာ ဒီလို program တွေမရှိဘူးဆိုရင်လည်း ကျွန်တော်ဆက်ပြောပြပေးမယ့် အချက်လေးတွေကို သိထားမယ်ဆိုရင် လုပ်ငန်းခွင်သို့ ဝင်ရောက်တဲ့အခါမှာ အဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

The skills employers want in fresh graduates

မည်သည့် နယ်ပယ်မှာမဆို အလုပ်ရှင်များအနေနဲ့ ကျွမ်းကျင်လုပ်သားများကိုအမြဲလိုအပ်လျက်ရှိပါတယ်။ ထိုသို့ ကျွမ်းကျင်လုပ်သားတစ်ယောက် ဖြစ်လာစေရန် အောက်ပါအရည်အချင်းများ လိုအပ်ပါတယ်။

Critical Thinking – အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ ပြဿနာများကို ဖြေရှင်းရန်နှင့် ဖြေရှင်းနိုင်သည့် နည်းလမ်းများကိုအဆိုပြုနိုင်မှု၊ မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချနိုင်မှု။

Teamwork/Collaboration – အခြားသူများနှင့် ထိထိရောက်ရောက် ညှိနှိုင်းလုပ်ဆောင်နိုင်မှု၊ အကြံဉာဏ်များ ပံ့ပိုးပေးနိုင်မှု၊ ဘုံရည်မှန်းချက်များ အောင်မြင်နိုင်သည့် အခြေအနေများကို လုပ်ဆောင်နိုင်မှု။

Digital Technology – အလုပ်နယ်ပယ်နှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်ကိရိယာများနှင့် နည်းပညာများကို အသုံးချရာတွင် ကျွမ်းကျင်မှု၊ ဆော့ဖ်ဝဲလ်၊ ပရိုဂရမ်များနှင့် နည်းပညာဆိုင်ရာ ပရောဂျက်များကိုရင်းနှီးကျွမ်းဝင်မှု။

Professionalism/Work Ethic – ခိုင်မာသောအလုပ်ကျင့်ဝတ်ကို ထိန်းသိမ်းမှု၊ ယုံကြည်စိတ်ချရမှု၊ တာဝန်ယူမှု နှင့် လုပ်ငန်းခွင်တွင် အပြုသဘောဆောင်သောသဘောထားကို ထိန်းသိမ်းထားရှိမှု။

Improve Self-Directed Learning – သင်ယူမှုနှင့် ကျွမ်းကျင်မှုအသစ်များကို တက်ကြွစွာရှာဖွေမှု၊ ပရောဂျက်များတွင် ပါဝင်မှု၊ ကိုယ်တိုင်လေ့လာသင်ယူခဲ့သည့် အတွေ့အကြုံများကို မျှဝေမှု။

Global/Intercultural Fluency – မတူကွဲပြားပြီး ယဉ်ကျေးမှုပေါင်းစုံ ပတ်ဝန်းကျင်များတွင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှု၊ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု။

Leadership – အခြားသူများကို လမ်းညွှန်ခြင်းနှင့် သြဇာလွှမ်းမိုးနိုင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဘုံပန်းတိုင်တစ်ခုရောက်ဖို့ အဖွဲ့ဝင်များအား တွန်းအားပေးနိုင်မှု။

စသည့် personal skills များလိုအပ်ပါတယ်။ အထက်ပါအရည်အချင်းများရှိထားပြီဆိုရင် မိမိတို့၏ ကိုယ်ရေးရာဇဝင်၊ cover letter နှင့် အင်တာဗျူးအဖြေများတွင် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်ပြီး လုပ်ငန်းအတွက်လိုအပ်သော စာရွက်စာတမ်းများ၊ certificate များပြနိုင်လျှင် အလားအလာရှိသော အလုပ်ရှင်များကို ပိုမိုဆွဲဆောင်နိုင်စေမှာဖြစ်ပါတယ်။

Professional Development

လုပ်ငန်းခွင်ထဲရောက်လျှင် Personal development အပြင် Professional development လည်းရှိဖို့လိုအပ်ပါတယ်။ Professional development ဆိုသည်မှာ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုတွေအတွက် လေ့လာရမယ့် အသိပညာနဲ့ အတွေ့အကြုံအသစ်များကို စဥ်ဆက်မပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် နည်းပညာနှင့် သက်ဆိုင်သောကျွမ်းကျင်မှုများ၊ ဘာသာစကား တက်မြောက်ကျွမ်းကျင်မှုများ ရှိနေဖို့ဖြစ်ပါတယ်။ Professional တစ်ယောက်ဖြစ်ဖို့ဆိုရင်

  • Self-managed Learning Approaches
  • Achievement And Motivation
  • Increase Your Willpower
  • Master the art of conflict resolution
  • Manage stress effectively

စသည့် အချက်တို့ကို လိုက်နာလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ “Self-managed Learning Approaches” မှာ ဒီသင်တန်းတက်လိုက်၊ ဟိုသင်တန်းတက်လိုက် မဟုတ်ဘဲ သေချာတဲ့ subject တစ်ခုကို ကျွမ်းကျင်တက်မြောက်တဲ့အထိ တစိုက်မတ်မတ်လေ့လာနေရပါမယ်။ “Achievement And Motivation” အနေနဲ့ မိမိကိုယ်ကို အကောင်းမြင်နိုင်ပြီး အလုပ်တစ်ခုပြီးမြောက်အောင်မြင်လျှင် ရရှိလာနိုင်မယ့်အကျိုးဆက်ကို ကြိုတင်သိရှိနိုင်ရပါမယ်။ အကောင်းမြင်ပေးတတ်သော စိတ်နေစိတ်ထားလည်းရှိထားရပါမယ်။ နောက်ထပ် အရေးကြီးတာကတော့ “Master the art of conflict resolution” ဖြစ်ပေါ်လာတဲ့ သဘောထားကွဲလွဲမှုများကို နားထောင်ပေးနိုင်ပြီး မိမိရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ရပါမယ်။ ထိုမှတဆင့် ဘုံသဘောတူညီချက်ကိုရှာဖွေပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း နားလည်မှုကိုတည်ဆောက်သွားနိုင်ရပါမယ်။ နောက်တစ်ခုအနေနဲ့ လုပ်ငန်းခွင်က ရလာတဲ့ စိတ်ဖိစီးမှုများကို လျော့ချနိုင်ရန် အပန်းဖြေနည်းလမ်းများလုပ်ဆောင်မှု၊ အချိန်ကိုကောင်းစွာ စီမံခန့်ခွဲမှု၊ ကျန်းမာရေးလိုက်စားမှုနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုတို့ စသည့်အသေးစိတ်အချက်လေးများကို လိုက်နာဆောင်ရွက်နိုင်လျှင် Professional development အနေနဲ့ တိုးတက်မှုများရှိလာမှာဖြစ်ပါတယ်။

 

Industrial revolutions

လုပ်ငန်းခွင်သို့ ဝင်ရောက်မည့် ယနေ့ခေတ်လူငယ်များအနေနှင့် Industrial revolutions ကိုလည်း မျက်ခြေမပြတ် လေ့လာနေဖို့ လိုအပ်ပါသေးတယ်။ စက်မှုလုပ်ငန်းများကနေ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ ယခုဆိုလျှင် Industry 4.0 သို့ရောက်ရှိလာပြီး စက်ပစ္စည်းများနှင့် technology များကို ပေါင်းစပ်ကာ လုပ်ငန်းခွင်များအတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ယခင်အချိန်က computer ကိုင်တတ်ရုံဖြင့်အဆင်ပြေသေးသော်လည်း ယခုအခါ လုပ်ငန်းလိုအပ်ချက်များအရ internet အခြေပြု software၊ hardware များ၊ artificial intelligence (AI) နည်းပညာများ (Boost Your Daily Routine with Artificial Intelligence) ကိုသိရှိထားဖို့လိုအပ်လာပြီဖြစ်ပါတယ်။

Industry 4.0 မှာဆိုရင်

Cloud Computing – အင်တာနက် အခြေပြု အချက်အလက်တွက်ချက်ခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း။

Internet Of Things – အာရုံခံကိရိယာများ၊ ဆော့ဖ်ဝဲလ်နှင့် အခြားနည်းပညာများဖြင့် ထည့်သွင်းထားသော အပြန်အလှန်ချိတ်ဆက်ထားသော ရုပ်ပိုင်းဆိုင်ရာစက်ပစ္စည်းများ။

Big Data Analytics – အချက်အလက်များ ခွဲခြမ်းစိတ်ဖြာမှုမှတဆင့် အသုံးဝင်သောထိုးထွင်းသိမြင်မှုများကို ရရှိရန်အတွက် ကြီးမားပြီး ရှုပ်ထွေးသော အချက်အလက်အတွဲများကို ဆန်းစစ်ခြင်း။

Simulation & Modelling – ပုံသဏ္ဍာန်နှင့် ကိန်းဂဏန်းများကို ၎င်းတို့၏အပြုအမူမှတဆင့် ပိုင်းခြားစိတ်ဖြာပြီး ရလဒ်များကို ခန့်မှန်းသော စနစ်နှင့် လုပ်ငန်းစဉ်တစ်ခုလုံးကို ဒစ်ဂျစ်တယ် အချက်အလက်များဖြင့် ဦးစွာ ဖန်တီးတည်ဆောက်ခြင်း။

Autonomous Robots – လူသားတို့၏ စဉ်ဆက်မပြတ်ဝင်ရောက်ထိန်းချုပ်မှုမရှိဘဲ ကိုယ်ပိုင်အသိဉာဏ်ဖြင့် လုပ်ဆောင်ပြီး စုဆောင်းထားတဲ့ အချက်အလက်ပေါ်အခြေခံ၍ ပတ်ဝန်းကျင် အခြေအနေကို သိရှိနားလည်နိုင်သော စက်ရုပ်များ။

Augmented Reality – ဒစ်ဂျစ်တယ်အချက်အလက်များ၊ software များကို လက်တွေ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင်ဖန်တီးထားပြီး အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် လက်တွေ့ပတ်ဝန်းကျင်အတွေ့အကြုံများကို မြှင့်တင်ပေးသောနည်းပညာများ။

Additive Manufacturing – ဒစ်ဂျစ်တယ်မော်ဒယ်များကို အခြေခံ၍ အရာဝတ္ထုများကို 3D ပရင့်ထုတ်ခြင်းဖြင့် အလွှာတစ်ခုပြီးတစ်ခု တည်ဆောက်ခြင်းနှင့် ပေါင်းစပ်ထုတ်လုပ်ခြင်း။

စသည့်နည်းပညာများပါဝင်လာပါတယ်။ အထက်ပါနည်းပညာတွေက industry 4.0 နှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း၏ ပိုမိုကျယ်ပြန့်သော သဘောတရားများတွင် ပေါင်းစပ်ပါဝင်လုပ်ဆောင်နေလျက်ရှိပါတယ်။

 

ထို့ကြောင့် ယနေ့ခေတ် လူငယ်များအနေနှင့် ကမ္ဘာ့အမြင်ဖြင့် နောက်ကျမကျန်ရစ်ရအောင် ခေတ်နဲ့အညီပြောင်းလဲလာသော နည်းပညာများကို အခုထဲက လေ့လာထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ နောင်တစ်ချိန် မိမိတို့ လုပ်ငန်းခွင်ထဲ ထိုနည်းပညာများရောက်ရှိလို့လာလျှင် နောက်ကျ ကျန်ရစ်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Ref Links:

https://www.iasparliament.com/current-affairs/fourth-industrial-revolution-4ir

https://chat.openai.com

Hello

Leave a Reply

Your email address will not be published. Required fields are marked *